Part.5

1.4K 38 0
                                    

Unicode

နောက်နေ့မနက်မိုးသားအိပ်ရာကနိုးလာတော့အရင်ကထက်လူကနေရတာပိုပြီးနေသာထိုင်သာရှိနေသလိုပင်။

သူမမျက်လုံးကိုခပ်ဖြည်းဖြည်းဖွင့်လိုက်ပြီးမှနဖူးပေါ်ကအရာကိုယူကြည့်လိုက်တော့အဖြူရောင်တဘက်ပိုင်းလေးဖြစ်နေ၍မိုးသားစိတ်ထဲတစ်မျိုးလေးခံစားသွားရသည်။

ဒီအိမ်မှာသူမနဲ့ကိုကို နှစ်ယောက်တည်းရှိတာမို့ဒါကိုကိုညတုန်းကသူမကိုရေဝတ်တင်ပေးထားခဲ့တာပဲဖြစ်မည်။

မိုးသားမှာပျော်လွန်းလို့အဖျားတွေအကုန်လုံးတောင်ပျောက်သွားသလိုပင်။

ထို့နောက်သူမကုတင်ပေါ်ကဆင်းခဲ့ပြီးရေချိုးခန်းထဲဝင်၍မျက်နှာသစ်သွားတိုက်ပြီးနောက်အခန်းထဲမှထွက်ခဲ့လိုက်၏။

အောက်ထပ်ကိုရောက်တော့သူမထမင်းစားခန်းထဲဝင်ခဲ့ချိန်မှာအုပ်ဆောင်းအောက်မှာဆန်ပြုတ်နဲ့နွားနို့ကအရန်သင့်။
ပြီးတော့ပန်းရောင်စက္ကူပိုင်းလေးနဲ့ရေးထားတဲ့စာတစ်စောင်။

''မသေချင်ရင်စား''

မိုးသားကိုယ့်ကိုယ်ကိုအိပ်မက်မက်နေသည်အထင်နှင့်ကိုယ့်ပါးကိုဆွဲဆိတ်ကြည့်ပြီးမှ..

''ဒါအိပ်မက်မဟုတ်ဘူးပဲ ကိုကိုကငါ့အတွက်စားစရာလုပ်ပေးခဲ့တယ်ပေါ့''

မိုးသားချက်ချင်းပဲစားပွဲမှာဝင်ထိုင်ပြီးကိုကိုကျိုပေးခဲ့တဲ့ဆန်ပြုတ်နဲ့နွားနို့အားအကုန်ပြောင်စင်အောင်စားသောက်ပစ်လိုက်၏။

ကိုကိုကထင်သလောက်လည်းရက်စက်တတ်သူမဟုတ်ပါဘူး။

💙💙

နေ့လည်ရောက်တော့မေမေကအိမ်ရောက်လာပြီးသူမအားအဖော်လာလုပ်ပေး၏။

''သမီးအစ်မကနေရဲဆိုတဲ့ကောင်လေးနဲ့ဒီလကုန်ရင်လက်ထပ်တော့မယ်လို့မေမေ့ကိုပြောတယ်''

မေမေ့စကားကြောင့်မိုးသားတအံ့တသြဖြင့်

''ရှင်! ဒီလောက်မြန်မြန်ကြီး''

''အင်း ဟုတ်တယ် မေမေလည်းပြောပါတယ် သမီးအစ်မခေါင်းမာနေတာ''

မေမေကသူမရှေ့မို့သာစကားကိုထိန်းပြောနေမှန်းမိုးသားသိပါတယ်။
တစ်ကယ်တမ်းမမကခေါင်းမာတာမဟုတ်ပဲအရွဲ့တိုက်နေတာ။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now