Part.8

1.5K 40 1
                                    

Unicode

အချိန်အားဖြင့်ညရှစ်နာရီခန့်ဖြစ်၏။

မိုးသားနေ့လယ်ကတည်းငိုယိုပြီးအိပ်ပျော်သွားတာခုချိန်ထိဖြစ်သည်။

သူမအိပ်ရာမှအားယူကာထပြီးလက်ကပတ်တီးကိုကြည့်လိုက်တော့ပတ်တီးသွေးတွေတောင်စိုနေပြီပင်။

''သွေးကလည်း ဘာလို့အဲလောက်ထွက်နေရတာလဲ''

မိုးသား ပိုက်ဆံအိတ်ထဲကဆရာဝန်ပေးလိုက်တဲ့ဆေးနဲ့ပတ်တီးတွေကိုထုတ်ကာလက်ကပတ်တီးကိုပါဖြည်ပစ်လိုက်၏။

ဒါပေမယ့်သူမပတ်တီးဘယ်လိုပြန်စည်းရမလဲမသိ။
လက်ကဒဏ်ရာကလည်းတော်တော်ဆိုးဆိုးမို့ကြည့်ပင်မကြည့်ရဲ။

ထိုစဥ်သူအခန်းတံခါးပွင့်လာပြီးကိုကိုကသူမအခန်းထဲဝင်လာ၍လက်ထဲကပတ်တီးကိုယူပြီးသူမလက်ကိုပါဆွဲယူလိုက်တာကြောင့်မိုးသားကြောင်အမ်းအမ်းနဲ့လက်ကိုပြန်ဆွဲယူလိုက်ပြီး

''ဘာလုပ်တာလဲ''

''ပါးစပ်ပိတ်ထား''

ပြောပြီးကိုကိုကသူမလက်ကိုပြန်ဆွဲယူ၍ပတ်တီးစည်းပေးလာလေသည်။

''စေတနာရှိလို့တော့မဟုတ်ဘူး ငါ့ကြောင့်ဖြစ်တာမို့မသိချင်​ယောင်ဆောင်နေရင်ယုတ်မာရာကျမှာမို့လို့''

''ကိုကို့ကိုဘယ်သူကဘာပြောနေလို့လဲ''

''မင်းစိတ်ထဲတစ်မျိုးထင်ပြီးငါ့ကိုရင်ခုန်နေမှာစိုးလို့''

''ဘယ်သူကမှရင်ခုန်မနေဘူး''

သူပတ်တီးစည်းပေးနေရင်းမှသူမမျက်နှာအားအပေါ်စီးကနေငုံ့မိုးကြည့်လိုက်တော့အရင်နဲ့မတူပဲမျက်နှာကအတော်လေးချောင်ကျသွားတာကိုသတိထားမိလိုက်သည်။

နေမကောင်းတာတွေရောစိတ်ဆင်းရဲရတာတွေကြောင့်ရောဖြစ်မည်။
သူသတိပြန်ဝင်လာတော့ထိုသို့တွေးမိတဲ့ကိုယ့်အဖြစ်ကိုအံ့သြလို့မဆုံး။

''မင်းကဝိတ်ချနေတာလား''

''ဘာလို့လဲ''

''ညစာအငတ်ခံနေလို့လေ''

''ကိုကိုဘယ်တုန်းကမိုးသားနဲ့ပတ်သက်ပြီးစိတ်ဝင်စားသွားတာလဲ''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now