Part.4

1.3K 35 0
                                    

Unicode

မိုးရေထဲမှာမိုးသားတစ်ကိုယ်လုံးကအေးစက်တုန်ရီနေလေသည်။
ချမ်းလွန်းလို့လူကအကြောတွေတောင့်ကာလှုပ်ပင်မလှုပ်နိုင်။

ထိုအခိုက်သူမရှေ့ရောက်လာတဲ့ခြေထောက်တစ်စုံကြောင့်မိုးသားမော့ကြည့်လိုက်တော့ကိုကိုကသူ့ကိုယ်သူမိုးမစိုစေဖို့ရာထီးဆောင်းထားပြီးကြွက်စုတ်လေးလိုဖြစ်နေတဲ့သူမကိုကြည့်ကာ

''အဟင်း အကြောတင်းသားပဲ အိမ်ထဲဝင်''

သူပြောပြီးပြန်လှည့်ထွက်လာတုန်းနောက်ပါးဆီမှတစ်ခုခုပြုတ်ကျသွားတဲ့အသံကြောင့်နောက်ကိုလှည့်ကြည့်လိုက်တော့မိုးသားကလမ်းပေါ်မှာလဲကျနေပြီပင်။

''မိုးသားချို မင်းလာပြီးဟန်ဆောင်မနေနဲ့ ခုချက်ချင်းထစမ်း ငါပွေ့ခေါ်သွားဖို့လာမျှော်လင့်မနေနဲ့ ခြံရှေ့မှာပဲပစ်ထားခဲ့လိုက်မှာ ငါ့ကိုဘာမှတ်နေလဲ''

သူ့မျက်စိရှေ့မှာတစ်ကိုယ်လုံးပြာနှမ်းပြီးလဲကျနေတဲ့သူမကတစ်ကယ်ပဲသတိလစ်နေမှန်းတိမ်ယံသိပေမယ့်သူမ,ဟန်ဆောင်နေပါတယ်လို့သူ့စိတ်ကိုတင်းခံနေတုန်း။

''မိုးသားချို ဟေ့''

တိမ်ယံလက်ထဲကထီးကိုလွှတ်ချပြီးသူမနား​ခြေဖျားထောက်ထိုင်ပြီးမှသူမခေါင်းလေးအားဆွဲ'မ'လိုက်တော့သူမကဇက်ကလေးလန်ပြီးတစ်ကိုယ်လုံးပျော့ဖတ်နေပြီပင်။

သူလည်းမထူးတဲ့အဆုံးသူမကိုယ်လေးကိုပါပွေ့ချီကာအိမ်ထဲသို့အမြန်ဝင်ခဲ့လိုက်တော့သည်။

_____________

မိုးသားတစ်ကိုယ်လုံးကိုက်ခဲကာလေးပင်နေသောမျက်ခွံလေးတွေကိုအသာဖွင့်လိုက်၏။
သူမမျက်နှာမှာလည်းအပူငွေ့တွေရိုက်ခတ်နေသလိုခံစားနေရပြန်သည်။

သူမဘေးဘီကိုကြည့်လိုက်တော့အခန်းထဲပြန်ရောက်နေ၍ကိုကိုခေါ်လာပေးတယ်ဆိုတာသိလိုက်၏။

ထိုအချိန်တွင်ကိုကိုကပန်းကန်လေးတစ်လုံးရယ်ရေခွက်ရယ်ကို​ဗန်းလေးတစ်ခုထဲထည့်ကာယူလာပြီးဘေးကစားပွဲပေါ်မှာတင်ကာ

''နိုးရင်လည်းထ အစားစားပြီးဆေးသောက်''

''ကိုကို''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now