Part.15

1.6K 39 2
                                    

Unicode

မိခင်ဖြစ်သူရဲ့နာရေးပြီးသည်အထိမိုးသားကလုံးဝမငိုခဲ့ပါ။
အကုန်လုံးကသူမစိတ်ကိုတင်းထားသည်အထင်နှင့် ငိုချလိုက်ပါပြောနေကြပေမယ့်သူမပုံစံကစိတ်တင်းထားတာမဟုတ်ပဲစိတ်ပေါ့ပါးနေတာဆိုတာတိမ်ယံတစ်ယောက်သာသိခဲ့သည်။

''မိုးသား မင်းဘာလုပ်နေတာလဲ''

အဝတ်တွေအားခရီးဆောင်အိတ်ထဲထည့်နေသောသူမအားတိမ်ယံနားမလည်သည့်ဟန်နှင့်မေးလိုက်မိ၏။

''မိုးသားမဝတ်တော့တဲ့အင်္ကျီတွေပါ သူများကိုလှူမလို့''

''မင်းသေချာလို့လား''

''သေချာပါတယ်''

''အဲဒါဆိုလည်းအဲဒါတွေထားခဲ့ ညနေစာလားစား''

''မိုးသားဗိုက်မဆာဘူး''

''မင်းအစားမစားလို့မရဘူး မင်းကိုယ်မင်းပြန်ကြည့်ဦး ပိန်လိုက်တာအရိုးချည်းဖြစ်နေပြီ''

''မိုးသားမစားချင်ဘူး ဗိုက်မဆာဘူး မိုးသားကိုယ့်ခန္ဓာကိုယ်နဲ့ကိုယ်ပိန်တာ ကိုကို့ကိုဘာထိခိုက်နေလို့လဲ''

တိမ်ယံကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍

''အေးပြီးတာပဲ မင်းထိခိုက်မှာစိုးလို့ငါကပြောတာ လက်ခံတာလက်မခံတာကမင်းသဘောပဲ မင်းကမင်းအကောင်စကားတစ်ခုပဲနားထောင်တာမလား''

''ဟုတ်တယ် ကိုကိုသိရင်လည်းပြီးတာပဲ''

''တောက်!''

တိမ်ယံကမေးကြောတွေထောင်သည်ထိအံကြိတ်ပြီးတောက်တစ်ချက်ခေါက်ကာသူမအခန်းထဲမှထွက်သွားလေသည်။

ကိုကိုထွက်သွားမှမိုးသားလည်းစာကြည့်စားပွဲဆီလာကာအရန်သင့်ဝယ်ထားသောဗလာစာအုပ်နဲ့ဘောပင်လေးအားကိုင်ကာစာတစ်ချို့အားစာအုပ်ထဲချရေးလိုက်၏။

တစ်စုံတစ်ခုကိုအတည်ပြုပြီးတဲ့အခါ သူမ,ထွက်သွားရဖို့သေချာပြီဆိုရင်အားလုံးအဆင်သင့်ဖြစ်စေဖို့ပါ။

_______________

''မိုးသား နင်အခုအန်တီ့ကြောင့်ခံစားနေရမယ်ဆိုတာငါသိတယ် ဒါပေမယ့်နင်ကိုယ့်ကိုယ်ကိုလည်းကျန်းမာအောင်လုပ်ရမယ်လေ ငါသွေးကင်ဆာအကြောင်းလေ့လာပြီးပြီ အဲဒါကသေချာကုရင်ပျောက်တယ်တဲ့ ငါတို့အချိန်မဆွဲဲပဲဆေးရုံသွားရအောင်ပါ''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now