Part.7

1.4K 39 1
                                    

Unicode

သိပ်မကြာခင်မှာပဲမမသမုရဲ့မင်္ဂလာပွဲသို့ရောက်ရှိလာလေ၏။
ကိုကိုကတော့မမမင်္ဂလာပွဲကိုမတက်ခဲ့ပါ။

မမကလည်းကိုကို့ကိုလုံးဝမမေးသလိုမိုးသားကိုလည်းဟိုအရင်ကလောက်ဟပ်ဟပ်ပက်ပက်မရှိပေ။
မမကမိုးသားကိုအကြီးအကျယ်စိတ်ဆိုးနေတုန်းပဲထင်ပါရဲ့။

''သမီးငယ် သမီးအဆင်ပြေရဲ့လား လူကအရင်ကထက်ပိန်သွားသလိုပဲနော်''

မေမေကသူမအားဂရုဏာသက်စွာကြည့်ရင်းမေးလာလေ၏။
မေမေလည်းမိုးသားနဲ့ကိုကိုဘာလို့လက်ထပ်ခဲ့ရလဲသိတဲ့အတွက်သမီးဖြစ်သူစိတ်ဆင်းရဲနေရှာမှာစိုးရိမ်နေပုံပါပဲ။

မိုးသားလည်းမေမေစိတ်ပူနေမှာစိုး၍အလှဆုံးပြုံးကာ

''မိုးသားအဆင်ပြေပါတယ်မေမေ ကိုကိုကမိုးသားကိုဂရုစိုက်တယ်''

''ဟုတ်ပါပြီ အဲလိုဆိုတော့မေမေလည်းစိတ်အေးရတာပေါ့''

မိုးသား ဧည့်သည်တွေကိုလိုက်ဧည့်ခံနေတဲ့မမကိုကြည့်မိတော့များစွာစိတ်မကောင်းဖြစ်ရသည်။

မမနှုတ်ခမ်းတွေကပြုံးနေပေမယ့်မျက်ဝန်းတွေကသိသိသာသာကိုဝမ်းနည်းနေခဲ့တာ။

ထိုမင်္ဂလာပွဲမှာရှိနေတဲ့သူတွေအားလုံးမသိလိုက်တာက ဘယ်သူမှမမြင်နိုင်တဲ့နေရာကနေတိမ်ယံတစ်ယောက်သမုကိုလာကြည့်နေခဲ့တယ်ဆိုတာပါပဲ။
သူအရင်ကစိတ်ကူးယဥ်ခဲ့ဖူးသလိုသမုကသတို့သမီးဝတ်စုံလေးနဲ့အရမ်းလှနေ၏။
သတို့သားကတော့တစ်ခြားတစ်ယောက်ဖြစ်နေပေမယ့်ပေါ့။

သူတို့ကဘယ်တော့မှပြန်မဆုံနိုင်တော့မယ့်လမ်းနှစ်သွယ်ကိုကိုယ်စီရွေးချယ်လိုက်ကြပြီ။

__________

မိုးသားမင်္ဂလာဆောင်ကပြန်ရောက်တော့ကိုကိုကဧည့်ခန်းထဲမှာမူးကွဲနေ၍ဒါဘာကြောင့်ဆိုတာမိုးသားသိပြီးသားမို့ဘာမှလည်းမေးမနေသလိုဘာမှလည်းမပြောပဲအိမ်ပေါ်တက်လာမလို့လုပ်တုန်း ကိုကိုက

''ဒီကိုကြွမြန်းခဲ့ပါဦး''

မိုးသားကိုကို့အားလှည့်ကြည့်ပြီးမှသက်ပြင်းသဲ့သဲ့ချကာဧည့်ခန်းဆီလျှောက်သွားလိုက်၏။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now