Part.16

1.6K 31 1
                                    

Unicode

သတိုးနဲ့သမုတို့နှစ်ယောက်မိုးသားတို့အိမ်သို့တစ်ပြိုင်တည်းရောက်လာကြ၏။

သူတို့ရောက်သွားတော့ခြံတံခါးရောအိမ်တံခါးကပါပွင့်လျက်မို့သူတို့အိမ်ထဲဝင်ခဲ့တော့ဘယ်သူ့အရိပ်အယောင်မှမတွေ့ရ။

''မိုးသား မိုးသား''

''တိမ်ယံခ''

သူတို့နာမည်တွေအော်ခေါ်ရင်းအိမ်ပေါ်တက်မလိုလုပ်တုန်းလှေကားခြေရင်းမှာကျနေတဲ့စာရွက်လေးကိုမြင်လိုက်၍ချက်ချင်းကောက်ကြည့်လိုက်တော့မိုးသားကတိမ်ယံ့ကိုပေးခဲ့တဲ့နှုတ်ဆက်စာဖြစ်နေလေ၏။

သတိုးနဲ့သမုတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
မိုးသားကတစ်ကယ်ပဲဘယ်သူမှမလိုက်နိုင်တဲ့အဝေးတစ်နေရာကိုထွက်သွားပြီ။

တိမ်ယံသည်လည်းကားကိုခြေဦးတည့်ရာမောင်းရင်းကားရဲ့အပြင်ဘက်အားမျက်ချည်မပြတ်လိုက်ကြည့်ကာမိုးသားအားလိုက်ရှာနေမိသည်။

''ကိုကိုတောင်းပန်ပါတယ်မိုးသားရယ် ဘယ်ကိုမှထွက်မသွားပါနဲ့ကွာ မင်းကိုကို့ကိုထားခဲ့ဖို့မတွေးပါနဲ့''

ထွက်သွားတယ်ဆိုကတည်းကဘယ်သူမှလိုက်လို့မရနိုင်တဲ့ထိ​ခြေရာဖျောက်သွားမယ်ဆိုတာသူသိပြီးသားပေမယ့်သူမအားလိုက်ရှာနေမိတုန်း။

ထိုစဥ်သူ့အင်္ကျီအိတ်ကပ်ထဲကဖုန်းကမြည်ခါ၍သူကမန်းကမန်းထုတ်ကြည့်လိုက်တော့သမုဖြစ်နေလေ၏။

''ဟဲလို''

''အောက်တန်းစားကောင် ရွံစရာကောင်းတဲ့ကောင် သစ္စာမရှိဖောက်ပြန်တဲ့ကောင်''

သူမစကားကြောင့်တိမ်ယံကားကိုထိုးရပ်ပစ်လိုက်သည်။
သူမကဆက်၍

''နင့်ကြောင့်ငါ့ညီမတစ်ခုခုဖြစ်ရင်နင့်ကိုဒီအတိုင်းမထားဘူး''

''မင်းဘာတွေ​ပြောနေတာလဲသမု''

''နင်နဲ့နင့်ဟာမကပလူးပလဲနဲ့နမ်းနေတာကိုမြင်ပြီးငါ့ညီမကအားလုံးနဲ့ဝေးရာကိုထွက်သွားတာလေ''

''ဟင်! မ မဟုတ်ဘူးသမု အဲဒါကလေ မင်းတို့ထင်သလိုမဟုတ်ဘူး အဲဒါက''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now