Part.6

1.3K 39 0
                                    

Unicode

မျက်ရည်နဲ့သွေးတွေကရောထွေးပြီးစာရွက်တွေပေါ်တတောက်တောက်စီးကျနေပေမယ့်မိုးသားရဲ့စိတ်ကဒီစာရွက်တွေနဂိုအတိုင်းတစ်စုတစ်စည်းတည်းပြန်ဖြစ်ဖို့သာအာရုံထဲရှိနေသည်။

သူမလက်တွေကော်ပူလောင်ကုန်တာတောင်မှမိုးသားဒီစာရွက်တွေအားသေသေချာချာအာရုံစိုက်ပြီး​ကော်နဲ့ကပ်နေမိတုန်းပင်။

အချိန်တွေတရွေ့ရွေ့ကုန်လာပြီးဒဏ်ရာကသွေးတွေခြောက်သွားသည့်တိုင်မိုးသားစာရွက်တွေပြန်ကပ်လို့မပြီးသေးပါ။

တစ်ဖက်မှာတိမ်စိုင်ကဆေး​ဗူးရယ် အရက်ပြန်ရယ် ဂွမ်းရယ် ပြီးတော့ပတ်တီးရယ်ကိုကိုင်ပြီးသူမအခန်းရှေ့လာရပ်ပြီးမှ

''ငါကဘာလို့သူ့ကိုဂရုစိုက်ရမှာလဲ''

နှုတ်ကသာထိုသို့ပြောနေပေမယ့်လက်ကတော့သူမအခန်းတံခါးအားအသာအယာဆွဲဖွင့်ပြီးနေပြီပင်။

သူအခန်းထဲချောင်းကြည့်လိုက်တော့သူမကစားပွဲပေါ်မှာမှောက်အိပ်နေလေ၏။
သူအခန်းထဲဝင်ခဲ့ပြီးသူမနားလျှောက်လာလိုက်တော့သူမနဖူးကဒဏ်ရာကသွေးတွေခြောက်နေပြီဖြစ်သလိုပါးပေါ်ကသွေးစီးကြောင်းကလည်းထိုနည်းတူပင်။

သူစားပွဲပေါ်ကပုံမကျပန်းမကျမလှမပဖြစ်နေပြီဖြစ်သောစာအုပ်ကိုကြည့်မိတော့သူ့လုပ်ရပ်မှားသွားသလားဟုပထမဆုံးအကြိမ်တွေးမိပြန်၏။

သူမိုးသားအားပွေ့ချီလိုက်ပြီးကုတင်ပေါ်တင်ပေးလိုက်သည်ထိသူမကမလှုပ်မယှပ်အိပ်မောကျနေတုန်း။

တိမ်ယံလက်ထဲကဂွမ်းနဲ့အရက်ပြန်ကိုသုံးကာသူမနဖူးအားဒဏ်ရာအားပိုးသတ်ပေးတော့သူမကမျက်နှာလေးရှုံ့မဲ့သွားတာကြောင့်သူ့ကိုယ်သူပင်မသိလိုက်ပဲသူမနဖူးအားလေနဲ့မှုတ်ပေးလိုက်မိ၏။

သူမလက်ချောင်းလေးထိပ်လေးတွေကနီရဲနေတာကိုမြင်တော့သူ့စိတ်ထဲစိတ်မကောင်းဖြစ်မိသလို။

''ကျစ်''

သူစိတ်ရှုပ်ထွေးစွာနဲ့သူမဒဏ်ရာအားဆေးထည့်ပေးကာပတ်တီးစည်းပေးပြီးအခန်းထဲမှထွက်လာခဲ့လိုက်တော့သည်။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now