ရွံ့မြေကြားမှ မေတ္တာပန်း

1.9K 41 0
                                    

သာမန်မိသားစုမှပေါက်ဖွားလာတဲ့တစ်ဦးတည်းသော သမီးလေး
နန်းဆုစံထက်
ဘယ်လိုအဓိပ္ပာယ်ဖြင့်ပေးခဲ့သလဲမသိပေမဲ့ နန်း သဘောကျတဲ့နာမလေးတခုပါ နန်းဟာ အစိုးရအထက်တန်းကျောင်းတွေထဲကမှ
အ.ထ.က ၃၂ အခြေခံအထက်တန်းကျောင်မှာပညာသင်ယူနေတဲ့ 9တန်းကျောင်းသူလေးပါ
နန်းဟာစာတော်တဲ့ထဲမှာလဲမဟုသလိုအညံ့ထဲမှာလဲမပါ
အလယ်အလတ်ထဲမှာပဲပါတယ်

နန်းရေ .....
ထတော့လေ ကျောင်းသွားဖို့နောက်ကျနေမယ်....

မနက်ခင်း နန်းရဲ့ဆည်းလဲသံလေး
နန်းအရမ်းသဘောကျပါတယ်
မနက်တိုင်းလာနိုးတာမို့လဲ
နန်းထိုအသံလေးကိုရိုးမသွား
တခြားသူတွေဆို အမေကလာနိုးရင်
ညိုငြင်တတ်ကြတယ်
အဲ့ထဲမှာနန်းတော့မပါ
အမေ့ရဲ့မနက်ခင်အိပ်ရာနိုးသံလေးမှမကြားရရင်
နန်းရဲ့တစ်နေ့တာဟာမပြာ့်စုံသလိုခံစားရတယ်
အဲ့  အမေနဲ့တည့်လားဆိုလဲ လုံးဝမတည့်ဘူးနော်
ဘုနဲ့ဘောက် စိတ်ထဲကသာ ထိုအသံလေးကိုကြည်နူးတာအမေ့ရှေ့မှာတော့ချမပြတတ်တဲ့နန်းရယ်ပါ

ဒေါ်နန်းဆုစံထက်ရေ ထတော်မူပါတော့...
ကျောင်းနောက်ကျလို့ ဆရာမက အတန်းမဝင်ခိုင်းရင်
ဒီကဆုစံဆိုတဲ့ညည်းအမေကျုပ်ကမနိုးလို့ပါလို့
ညည်းအဖေကိုသွားပြောရင် ညည်းနဲ့ကျုပ်တွေ့မယ်....

နန်းအတွေးလွန်တဲ့အကျိုးကျေးဇူးလေးပေါ့ဟီး😁😅

ဟုကဲ့ပါအမေရယ်
ထပါပီ....တကတည်း
တခါလေးပြောမိတာနဲ့မပီးနိုင်တော့ဘူး
အဲ့နေ့ကလဲအမေမနိုးဘူးလေ
အဲ့ကြောင့်နောက်ကျတာပဲကို🤨🤨

ငါလုပ်ရင်သေတော့မယ်နော် ညည်းတော့
သွားသွားပြင်တော့ကျောင်းသွားဖို့

ဟူကဲ့ပါ ဟုကဲ့ပါ
သွားပါပီ ဟွန့်
တခါလေးပြောမိတာကို
နေ့တိုင်းအစောကြီးနိုးနေတော့တာပဲ

ဘာ.. ညည်းဘာပြောလိုက်တာလဲ

ဘာမှမပြောပါဘူး အမေကလဲ
ဟီး😄😁
မျက်နှာသွားသစ်တော့မယ်လို့

ညည်းနော် ညည်း အဟင်းး
ကျုပ်နားကကောင်းသေးတယ်

အမေ့ရဲ့ဆည်းလဲသံလေးထပ်ထွက်မလာခင်
နန်း ရေချိုးခန်းကိုသုတ်ခြေတင်အပြေးလေးသွားရသည်

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now