ရွံ့မြေကြားမှ မေတ္တာပန်း ep 6

579 28 0
                                    

ထိုက်ကိုတစ်လမ်းလုံးတွဲပီးထိုက်အိမ်ထိခေါ်လာခဲ့သည့့်ကလေးမလေး
ထိုကလေးမလေးကြောင့်ထိုက်မှာရင်တွေခုန်ရသည်ည်
ကလေးမ မျက်နှာလေးကစတွေ့တုန်းကနဲ့မတူတော့
အနည်းငယ်ညိုးငယ်လျက်
ထိုကလေးမလေးမျက်နှာဘာကြောင့်မလန်းသလ​ဲဆိုတာကို
အကြောင်းအရင်းမရှိထိုက်စဥ်းစားနေမိသည်
ပီးမှ ထိုက်ကားကိုတကယ်လျော်ရမယ်ထင်နေသလားမသိ
အဲ့ကြောင့်များမျက်နှာမကောင်းဖြစ်နေရသလား
တကယ်တမ်း ထိုက်စလိုက်ရုံပါ
ကားက ဟိုနေရာမှာပဲရှိလောက်မှာပါ
မရှိလဲထိုက်အတွက် ကားတစ်စီးဆုံးသွားတာလောက်ကတော့မူ့စရာမလိုပါ
ထိုက်ဘာကြောင့်ကားကိုအကြောင်းပြပီးအိမ်ကိုခေါ်လာမိမှန်းမသိ
နန်းလေးနဲ့ရုပ်ချင်းဆင်လို့များလား

သစ် ..ထိုအမျိုးသမီးကိုတွေ့ရလို့ပျော်ရွှင်မိတာအမှန်
သို့သော်..ထိုအမျိုးသမီးရဲ့ကားကိုသစ်ဘယ်လိုလျော်ပေးရမလဲ သစ်ဟာသစ်စ်အသက်ရှင်ရပ်တည်ဖို့တောင်အနိုင်နိုင်
သစ် အတွက်ထိုအမျိုးသမီီကကံကောင်းခြင်းလား
ကံဆိုးခြင်းလားသစ်မသိပေမဲ့
ထိုအမျိုးသမီးအိမ်ကိုသစ်ရောလိုက်ရမည်ဆိုသည်ကြောင့်
အတိုင်းမသိပျော်ရွှင်ရပါသည်
သို့သော် သစ်ထိုအမျိုးသမီးအိမ်ရောက်သည်ရှိသော်
ထိုအမျိုးသမီးနေထိုင်ရာအိမ်သည်
သစ်အိမ်ထက်အဆပေါင်းများစွာတန်သည်
ထိုအမျိုးသမီးအိမ်နှင့်သစ်အိမ်ရှင်လိုက်လျှင်
မိုးနဲ့မြေ ဆီနဲ့ရေလိုသာ
ဘယ်လိုမှမအပ်စပ်

ထိုက်အိမ်ရောက်တော့

ကလေးမ ..ဟိတ်...ကလေးမ!!!!...

အာ ..ဟုကဲ့ ....အန်တီ..ပြောပါ..

တို့ခေါ်နေတာကြာလှပီ..ခြေထောက်နာနေပီနော်..
ဒီလိုတွဲပီးပဲတစ်ညလုံးနေရတော့မှာလား
တို့ကိုခုန်ပေါ်ပေးမထိုင်တော့ဘူးလား..

အာ..ဟုသား...တောင်းပန်ပါတယ်နော်အန်တီ..
လာ..လာ ဖြေးဖြေး..

ထိုက်အိမ်ကိုပဲအကြည့်ရောက်နေပီး
ကလေးမမျက်လုံးျက်လုံးများကသိမ်ငာ်နေသလိုအရိပ်ယောင်များ
တွေ့နေရသည်ည်မို့
ထိုက်ထိုကလေးမလေးကိုခေါ်လိုက်ခြင်းသာ
ထိုကလေးမလေးအကြောင်းကိုထိုက်သိချင်လာသည်
ကလေးမကဘယ်ကလဲ ဘာအလုပ်လုပ်လဲ
သူ့အိမ်ပြန်ချိန်က
10နာရီ11ဆိုတော့ ထိုကလေးမကဘယ်လိုမိန်းကလေးမျိုးလဲ ပုံစံလေးကရိုးရိုးိုးရိုးသားလေးနဲ့9တန်း10တန်းအရွယ်လေးသာရှိသေးလောက်မည်

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now