ရွံ့မြေကြားမှ မေတ္တာပန်း ep 4

564 30 0
                                    

မနက်ကအမျိုးသမီးလေးကို သစ်မျက်ရည်များကြားကငေးနေရင်း
ထိုအမျိုးသမီးကပါသစ်ကိုကြည့်နေတာမို့
အကြည့်ချင်းဆုံလျက်
ထိုချိန်......

တီ..တီ.တီ..

ဖုန်းလာတာမို့ သစ်ငေးနေရာကနေ
ဖုန်းကိုကြည့်မိတော့

ဟာ..သွားပါပီး ....ပန်းရွက်သစ်ရယ်..
သေလိုက်ပါတော့လား

အလုပ်ကခေါ်နေပီ

သစ်ဖုန်းကိုင်ရင် ဘွားတော်ကပွားတော့မှာမို့ မကိုင်ပဲ
အလုပ်ဆီသာအပြေးသွားလိုက်သည်

အလုပ်ရောက်တော့

ဖုန်းဘာလို့မကိုင်တာလဲ ပန်းရွက်သစ်...

မသိလိုက်ပါ..အန်တီ

သစ်စိတ်ထဲကနေတော့
ကိုင်ရင်ဘွားတော်ဆိုတဲ့အတိုင်းပွားတော့မှာပေါ့
လူကစိတ်ညစ်နေပါတယ်ဆိုမှ
ဘွာတော်သာထပ်ပွားရင်
ပြသနာတတ်ပီးအလုပ်ထွက်ရမှာအမှန်ကန်

​ပြောလိုက်ရင်တော့ဆင်ခြေမြင်းခြေချည်းကအရင်...
ထားပါတော့..ဒီနေ့စောရောက်လို့ ပုံမှန်အတိုင်းပြန်..ကြားလား

ဟုကဲ့ ..

ပြောလိုက်ရင်တော့တဟုကဲ့ထဲဟုကဲ့နေတာ..
ပီးရင်ဟုတာလဲမဟုဘူး..

ဖုန်းကဘာလို့ဆက်တာလဲအန်တီ..

အော် ..ဟုသား ညည်းပြောရင်းနဲ့
ပြောမဲ့ဟာတောင်မေ့တယ်
ခုဒီဆိုင်က ဘယ်ကုမ္မဏီဆိုလားပဲ အဲ့ကုမ္မဏီက လုပ်မဲ့ပရောဂျတ်အတွက်ဒီနေရာကိုလိုနေတာဆိုလားပဲ
အဲ့တာ ဒီဆိုင်ကပိတ်ရင်ပိတ်မှာမို့
အလုပ်သစ်ကြိုရှာထားဖို့ဖုန်းဆက်တာ

ဟုကဲ့ ...အန်တီ

သွား..လုပ်စရာရှိတာလုပ်တော့

ဟုကဲ့

ဟူးးးးးသစ်လဲအမြဲနောက်ကျနေတာဆိုတော့
အချိန်သေချာမကြည့်မိလိုက်ဘူး
ဖုန်းဆက်တာဆိုတော့ နောက်ကျတာများလို့အလုပ်ထုတ်တော့မှာလားလို့ ဟင်..ခုလဲဆိုင်ကပိတ်ရင်ပိတ်ရမှာဆိုတော့
ငါအလုပ်သစ်ကြိုရှာရဦးမှာပဲ
ဘယ်ချိန်မှ အသက်ရှင်ရပ်တည်နိုင်ဖို့ပူနေရတဲ့အပူတွေငြိမ်းမှာလဲမသိပါဘူး သစ်လက်ကဒဏ်ရာကလဲနာလာသည်
သိုပေမဲ့ သစ်ဆေးထည့်ဖို့ရာပိုက်ဆံမရှိအိမ်ရောက်မှပဲဆေးလူးတော့မယ်

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now