ရွံ့မြေကြားမှ မေတ္တာပန်း ep 27

439 23 0
                                    


သစ်အိပ်နေရင်း ညည်းသံလိုလိုကြားမိတာကြောင့်
နိုးလာမိသည်
သစ်အသံလာရာကြည့်မိတော့ သစ်ကိုတင်းကျပ်စွာဖက်ထားပီး မျက်မှောင့်ကျုံ့ကာ ညည်းနေရှာတဲ့အန်တီ

အန်တီ ..အန်တီ..ဘာဖြစ်တာလဲ..
ထပါဦး...

သစ်လဲ အန်တီ့ရင်ခွင်ထဲမှထွက်ကာ
ထထိုင်ပီး အန်တီ့ပါးပြင်အားကိုင်မိတော့
မီးခဲလိုမျိုးပူကျစ်နေသည့့်အန်တီ

ဟာ..အန်တီအဖျားတတ်နေတာပဲ....
ဘယ်လိုလုပ်ရမလဲ.....

သစ်မှာ အန်တီ့ကိုစိတ်ပူသည်သာသိတယ်
ဘာလုပ်လို့လုပ်ပေးရမလဲမသိ
ဒေါက်တာခေါ်ရအောင်လဲ မိုးကအရမ်းချုပ်နေပီ
ဘာမှကြံမရတဲ့အဆုံး သစ်ဟာသစ်စ်ပဲ
ရေဇလုံနဲ့အဝတ်ယူကာ
အဖျားကျအောင်လုပ်ပေးမိသည်
သို့သော်အချိန်ကြာသည်ထိအန်တီဟာ မသက်သာပဲ
အဖျားကပိုတတ်လာပီး အကျီီများမှာလဲချွေးကြောင့်စိုရွဲနေသည်မို့ သစ်အကျီလဲပေးဖို့လုပ်ရသည်ည်
အန်တီ့ဖို့ သစ်အကျီယူကာ လဲပေးဖို့
အကျီတွေချွတ်တော့
အစပိုင်းမှအဆင်ပြေပေမဲ့ အန်တီ့ရင်သားနေရာရောက်တော့ လက်နျားဟာ တုန်ရီလာကာ
အာခေါင်များခြောက်သွေ့လာသည်
ရေဆာသလိုလိုနဲ့ သစ်မှာမတည်းထိန်းပီး
ချွတ်ရသည်ည်

ဟာကွာ....သစ် ရေ အန်တီကနင့်ကြောင့်နဲ့ပိုပီးအအေးပတ်တော့မယ်....တကယ်ပါပဲ ဒီချိန်မှ ဒီလိုစိတ်ကလာခံစားနေရတယ်....စိတ်ထိန်းသစ စိတ်ထိန်း......

သစ်ဟာသစ်စ်ပြောကာ အကျီလဲပေးလိုက်သည်
အကျီလဲပီး ထမီပါလဲပေးမလိုပြင်ပေမဲ့လဲ
အကျီနဲ့တင်ကို သစ်စိတ်တွေတောင်ရောက်မြောက်ရောက်လေ
ထမီသာ....အဟင်းးတော် တော် ဆက်တောင်မတွေးရဲတော့ဘူး
နောက်ပီး ထမီလဲမပေးလဲဘာမှမဖြစ်တာမို့
ယူလာသည့့်ထမီအားပြန်သွားထားကာ
အဝတ်များကိုခြင်းတောင်းထဲထည့့်ပီး
ရေဇလုံအား သွန်ကာ အသစ်ထပ်မံထည့့်ကာ
ယူလာပီး ရေပတ်တင်ပေးနေလိုက်သည်

ဟင်း..ချမ်း တယ်.....

စောင်အထူကြီးတထည်လုံးကိုလုံနေအောင်ခြုံပေးထားပေမဲ့
ချမ်းတယ်ဟုပြောလာသောအန်တီကြောင့်
သစ် မှာ လျော့ထားသည့့်အဲကွန်းအားပိတ်ကာ
ဆောင်ထပ်ထုတ်ကာ
ထပ်မံခြုံပေးရသည်ည် ရေပတ်တင်ပေးတာကိုလဲ
သစ်လုပ်ပေးမြဲ
သစ်မှာ မအိပ်နိုင်ခဲ့ သစ်အိပ်ပျော်သွားရင် အန်တီများတခုခုဖြစ်မလားဆိုသည့့်အတွေးများကဝင်လာသည်မို့
အိပ်မပျော်ခဲ့ပါ

ရွံ့မြေကြားက မေတ္တာပန်းحيث تعيش القصص. اكتشف الآن