ရွံ့မြေကြားမှ မေတ္တာပန်း

665 25 0
                                    

နန်းဆုစံထက်

အန်တီ့စကားကနန်းအတွက်တော့အမိန့်တခုလိုပါပဲ
အန်တီသာနန်းကို သေခိုင်းမယ်ဆိုရင်နန်းဟာ သေလူဖြစ်စေရပါမယ်အန်တီ နန်းအတွက်တော့အန်တီဟာ
မြင်မြင်ချင်းချစ်ရတဲ့အမျိုးသမီးလေးပါ
နန်းအယုံကြည်မရှိပါဘူး
မြင်မြင်ချင်းအချစ်တွေဆိုတာကို
ဒါမဲ့ အန်တီဆိုတဲ့အမျိုးသမီးလေးဟာနန်းအတွက်တော့
ချို့ယွင်းချက်လေးပေါ့

မှုံနသာထိုက်စံ

အန်တီ ကလေးမကိုမသေစေချင်ပါဘူးကွယ်
အန်တီ့နှလုံးသားကိုအလိုမလိုက်ခဲ့ယုံပါကလေးမလေးရယ်
နှလုံးသားအလိုထက် ဦးနှောက်အလိုကိုအန်တီလိုက်မိလို့
ရလဒ်က ကလေးမကိုဆုံးရူံးလိုက်ရပီလားကွယ်
အန်တီသိပ်မှားသွားတယ်ကလေးမရယ်

ရိူင်းဝန

တီလေးအမှန်တိုင်းပြောပြသင့်တယ်
တီလေးကိုယ်တိုင်ကလဲ နန်းကိုချစ်တယ်ဆိုတာရိူင်းသိတယ်
တီလေးဘယ်သူ့အပေါ်မှမကြည့်ဘူးတဲ့အကြည့်တွေနဲ့နန်းကိုပထမဦးဆုံးကြည့်ခဲ့တယ်တီးလေးအရမ်းမှားတယ်
တီလေးနှလုံးသားကိုတီလေးမလိမ်ခဲ့သင့်ဘူး
ရိူင်း နန်းကိုချစ်တယ်  ဒါမဲ့နန်းချစ်တာတီလေးလေ
နန်းပျော်ရွှင်မှုကအဓိကမို့ ရိူင်းနောက်ဆုတ်ပေးခဲ့မှာ
တီလေးသာ​စောစောဖွင့်ပြောပြခဲ့ရင်
ဒီလိုအဖြစ်မျိုးကြုံရမှာမဟုဘူး

လင်းလတ်သော်

နန်းရယ်  ခုလိုထွက်သွားတော့ရော
ကျန်ခဲ့တဲ့သူတွေကိုထည့်မစဥ်းစားခဲ့ဘူးလား
နင်ချစ်ရတဲ့အမျိုးသမီးလေးကလဲနင့်ကိုချစ်ပါတယ်တဲ့
နင်သိရင်ဘယ်လောက်တောင်ပျော်လိုက်မလဲဟာ
နန်း နင်ကအရူးပဲဟ

လင်းလတ်သော်

ကံကြမ္မာကလဲဆန်းကြယ်သားနန်းရယ်
နင်ကတော့ ချစ်ရတဲ့အမျိုးသမီးလေးကပြန်မချစ်လို့
ထွက်သွားခိုင်းလို့ဆိုပီး ထွက်သွားခဲ့ပေမဲ့
နင်ထင်သလိုမဟုဘူးနန်းရဲ့
နင်ချစ်ရတဲ့အမျိုးသမီးကနင့်ကိုထွက်မသွားစေချင်ဘူးတဲ့
နင်သာသိရင်ဘယ်လောက်တောင်ပျော်လိုက်မလဲနန်းရယ်

ကော်ဖီဆိုင်အတွင်းရဲ့ စားပွဲဝိုင်းလေးတစ်ခုမှာလူလေးယောက်

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now