ရွံ့မြေကြားမှ မေတ္တာပန်း ep 8

528 28 0
                                    

အန်တီ...အန်တီ့!!!!!!!

အာ....အင်း..ပြောလေ....

ထိုက်ရယ် ဒီကလေးမရှေ့မှာမှဘယ်လိုတွေတောင်
ဖြစ်နေရသလဲ...
ထိုက်မှာစိတ်ထဲကသာကိုယ့်ကိုကိုယ်အပစ်စ်တင်မိသည်

ရောက်ပီ....ဒီဆိုင်လို့...

အင်း..အဲ့ဆိုဆင်းလေ...

ဟုကဲ့.....

သစ်ကရှေ့ကဆင်းသွားပီးဆိုင်ထဲဝင်လာခဲ့သည်
သစ်နောက်မှထိုက်ပါပါလာသည်

မမသဲစု...

အော်...သစ်ပဲ..
အမက သစ်တခုခုဖြစ်လို့လားလို့..
စိတ်ပူနေတာ..တခါမှလဲမပျတ်ဘူးလို့လေ..
နောက်ပီး..ဖုန်းခေါ်တော့လဲစက်ပိတ်ထားတာမို့..

အာ..ဟုတယ်..မမသဲစုရဲ့..
ဖုန်းကပါဝါပိတ်သွားတာ......

သဲစု နောက်ကိုကြည့်မိတော့
မမလေးမှုံနသာထိုက်စံကိုတွေ့တာမို့
နူတ်ဆက်ဖို့လုပ်တော့
မမလေးထိုက်က ခေါင်းရမ်းပြပီး
မပြောဖို့အမူရာလုပ်ပြတာမို့
သဲစုပါစပ်လေးပြန်ပိတ်မိသည်
ဘာလို့မပြောခိုင်းရတာပါလိမ့်..
သဲစုတွေးနေမိသည်

မမသဲစု...မမသဲစုလို့!!!

အော်...အင်း..
ဘာတုန်းသစ်ရဲ့....

ပိုင်ရှင်လာလားလို့...

အမ်် ..အော်..အဲ့ ..အဲ့တာက..

ထိုက် နောက်ကနေ သဲစုကိုမျက်မှောက်ကျုံ့ပီး
ခေါင်းသာခါပြနေသည်မို့
သဲစုဘာဖြေရမှန်းတောင်မသိ

မမသဲစု..ဘာဖြစ်နေတာလဲ..
သစ်မေးတာ..ပိုင်ရှင် လာလားလို့...

အင်း..အာ..မဟုပါဘူး..
မလာသေးဘူး....

ထိုက်ပါးစပ်လှုပ်ရုံသာမလာသေးဘူးလို့ပြောလိုက်လို့ပြောမှ
အယောင်ယောင်အမှားမှားဖြင့် သစ်ကိုဖြေရှာသည်
ထိုက်လဲဘာကြောင့်ဒီကလေးမကိုစချင်နေမိတာပါလိမ့်

အဲ့လေးပြောဖို့အရေးကို..မမသဲစုကလဲ..
စကားတွေတောင်ထစ်နေတယ်..

စကားကထစ်ချင်လို့ထစ်တာမဟုပဲ
ပိုင်ရှင်ကိုရှေ့ထားပီးပိုင်ရှင်လာပီးလားမေးနေတဲ့သစ်ကြောင့်စကားထစ်နေတာလို့သစ်ကိုသဲစုပြောချင်ပါသည်

ရွံ့မြေကြားက မေတ္တာပန်းΌπου ζουν οι ιστορίες. Ανακάλυψε τώρα