ရွံ့မြေကြားမှ မေတ္တာပန်း ep 29

457 14 0
                                    

ရိူင်းလေး နိုင်ငံခြားကပြန်ရောက်ပီးခရီးထွက်သွားခဲ့တာမို့ ထိုက်နဲ့သေချာစကားမပြောခဲ့ရပါ
ခရီးကပြန်ရောက်တော့လဲ
အေးစက်သထက်ပိုပီးအေးစက်လာခဲ့တယ်
အရင်ကနွေးထွေးပီးဖော်ရွေစွာဆက်ဆံတတ်တဲ့ရိူင်းလေးမှာ
ခုဆို အေးတိအေးစက်နဲ့
ခရီးတွေလဲမကြာခဏဆိုသလိုထွက်သွားတတ်တယ်
အချိန်ကြာလာလေ ရိူင်းလေးနဲ့ပိုပီး
အနေဝေးလာလေဖြစ်လာခဲ့တယ်
ကလေးမလေးနဲ့က အရင်ထက်ပိုပီး
ပျော်ရွှင်လာရတယ် မိုးမိပီးနေမကောင်းဖြစ်တဲ့နေ့ကစပီး
ထိုက်ကိုဘယ်သောအခါမှမိုးမိမခံတော့ပေ
အဲ့နေ့ကခြေထောက်ကပါဒဏ်ရာဏ်ရာရခဲ့သည်မို့
ဒဏ်ရာအရှင်းးမပျောက်မချင်း
ထိုက်နားမှာနေပီးအစစအရာရာဂရုစိုက်ပေးခဲ့တယ်
ကျောင်းလဲမသွားခဲ့ စာတွေကပြန်နွေးတာနဲ့ရပီဆိုပီး
ခွင့်တိုင်ပေးဖို့ပူဆာခဲ့တဲ့ကလေးမ
ထိုက်မှာ အရမ်းစကားတတ်ပီး အရမ်းလည်လှတဲ့အနှီကလေးစုတ်လေးစကားကိုဘယ်လွန်ဆန်နိုင်ပါ့မလဲ
ထိုက်ရဲ့အာဏာနဲ့ ကျောင်းကိုခွင့်ရက်ရှည်ယူပေးခဲ့သည်
ခုဆို ဘာလိုလိုနဲ့ ကလေးမလေးတောင် စာမေးပွဲဖြေပီးလို့
ထိုက်ရဲ့ကုမ္ပဏီကိုကူညီလုပ်ကိုင်ပေးနေပီ
ကလေးမလေးမပင်ပန်းအောင် ရာထူးကောင်းတာပေးခဲ့ပေမဲ့လဲ
အလုပ်ဆိုတာအခြေခံကစပီးလုပ်တာ ကပိုပီးအတတ်မြန်သလို ဘယ်သူ့အားကိုးနဲ့မှလဲ အရန်သင့့်ဇိမ်ခံပီးအလုပ်မလုပ်ချင်ဘူးတဲ့လေ
အဲ့နဲ့အောက်ခြေကစပီးလုပ်ကိုင်ခဲ့တဲ့ကလေးမလေး
အလုပ်ကို ကြိုးစားကာ အရာရာကို အာရုံစိုက်ပီးသေချာလုပ်တတ်တာမို့ အလုပ်ကသူတွေဆိုကလေးမလေးကိုသဘောကျကြတယ်
ခုဆိုကလေးမလေးရဲ့ကြိုးစားမှုရလဒ်ကြောင့် ကုမ္ပဏီရဲ့အရေးပါသူထဲကတစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပီ
အလုပ်လုပ်ရလို့ ထိုက်ပေါ် ဂရုစိုက်မှုလျော့သွားလားဆို
မလျော့ပါ ပိုလို့တောင်ဂရုစိုက်ပေးခဲ့သည်
အရင်င်က အန်တီတစ်ယောက်ထဲဦးစီးခဲ့တာအရမ်းပင်ပန်းခဲ့မှာတဲ့ အနားမှာ တူဖြစ်သူရိူင်းလေးကလဲရှိမနေ
ကုမ္ပဏီရဲ့ဖိစီးမှုတွေရော အထီးကျန်မှုတွေရောဆို အရမ်းကိုပင်ပန်းမှာတဲ့ အဲ့ကြောင့်အရင်င်ကထက် အဆပေါင်းများစွာ
ပျော်ရွှင်အောင် ဂရုစိုက်မှုတွေပေးတာဆိုပီး
ဘယ်သောအခါမှဂရုစိုက်မှုတွေမလင့်ဟင်းခဲ့ပါ
ထိုက်နဲ့ကလေးမလေးရဲ့ဇာတ်လမ်းကိုတော့ စောနဲ့ရိူင်းလေးသာသိပီး အလုပ်ကသူတွေတစ်ယောက်မှမသိပါ
မပြောပြဘူးဆိုတာထက် ကူညီပီးမွေးစားထားတဲ့သူလို့ပဲအများကထင်ခဲ့တာမို့ ထိုက်တို့ကိုရေးကြီးခွင်ကျယ်လုပ်ပီးမမေးခဲ့ကြ

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now