ရွံ့မြေကြားမှ မေတ္တာပန်း ep 7

573 28 0
                                    

ပြတင်းပေါက်မှဝင်လာသည့့် အလင်းရောင်တချို့ကြောင့်
ထိုက်နိုးထလာရသည်ည်

ဟင်းးးးးးး
ထိုက်အကြောဆန့့်ပီး နာရီကြည့်မိတော့10နာရီတောင်ထိုးပီ

ဟိုကလေးမလေးရောထပီလားမသိဘူး.......

ထိုက်နိုးသည်နှင့်အတွေးထဲရောက်လာသူမှာထိုကလေးမတဲ့လား

ထိုက်အိပ်ယာတောင်မသိမ်းနိုင် ခြေထောက်အနည်းငယ်နာနေသ၍
ထော့နဲ့ထော့နဲ့ဖြင့်ထိုကလေးမအခန်းရှိရာဆီ
ထိုက်ထွက်လာခဲ့သည်
ကလေးမအခန်းထဲဝင်လာတော့

အယ်...နိုးနေပီလားမသိဘူး..

အိပ်ယာကမနေ့ညကအတိုင်းလေးသာရှိနေပီး
လူလဲမတွေ့တာမို့ ထိုက်ရေချိုးခန်းထဲမှာလားဆိုပီး
ရေချိုးခန်းထဲသွားကြည့်တော့လဲမရှိ

ပြန်သွားတာလား..တို့တောင်နူတ်ဆက်မသွားဘူး..
ကားဖိုးလျော်ရမှာစိုးလို့လားကွယ်..တို့ကစနေတာပါ..
မင်းကိုမလျော်ခိုင်းပါဘူး..

ထိုက် ကသစ်ကိုကားဖိုးလျော်ရမှာစိုးလို့သူ့ကိုတောင်နူတ်မဆက်သွားဘူးထင်နေတာ
ထိုက်အိပ်ရာပေါ်မှာထိုင်ကာ

အနွေးဓာတ်မရှိတော့ဘူးပဲ..ပြန်သွားတာကြာပီထင်တယ်....

ထိုက်ကုတင်ပေါ်မှာခဏအကြာထိ ထိုင်နေပီးပြန်ထွက်မယ်အလုပ်

ဟင်း...ချမ်း..ချမ်းတယ်...

အမ််...ဘာသံလဲ ..ငါနားကြားမှားတာလား...
အယ်.....ကလေးမ...

ကုတင်ရဲ့တစ်ဘက်ခြမ်းရှိကြမ်းပြင်ပေါ်မှာပုစွန်ထုတ်လေးလိုကွေးကွေးလေးအိပ်နေသည့့်ထိုကလေးမ

ကလေးမ ...ဟိတ်...အယ်...
ကိုယ်တွေပူနေပါ့လား.....

ထိုက်ကလေးမကိုလှုပ်နိုးတော့ကလေးမအသားတွေဟာပုံမှန်အပူချိန်ထက်ပူနေသည်မို့သာ

နာ..နာတယ်...အဟင့်....သစ်တောင်းပန်ပါတယ်နော်...
သစ်မိဘတွေကအဲ့လိုလူမျိုးမဟုဘူး.....

ကလေးမလေးကယောင်င်နေတာပါ့လား
မျက်လုံးအိမ်မှလဲမျက်ရည်များကျလာကာယောင်နေသော
ထိုကလေးကို
ထိုက်သနားမိသည်လား မသိ
သို့သော် ထိုကလေးမခံစားနေရတဲ့ပုံလေးကိုထိုက်မြင်တွေ့ရတာ
ထိုက်ကိုနာကျင်စေသည် ဘာကြောင့်ဆိုတာတော့ထိုက်မသိ

ရွံ့မြေကြားက မေတ္တာပန်းTahanan ng mga kuwento. Tumuklas ngayon