ရွံ့မြေကြားမှ မေတ္တာပန်း ep 1

767 31 1
                                    

အထက်တန်းကျောင်းတစ်ကျောင်းရဲ့ 10တန်းအခန်းအတွင်း၌
ဆရာမရှေ့မှာ မတ်တပ်ရပ်နေတဲ့ကောင်မလေး

ပန်းရွက်သစ်...နင်တစ်ယောက်ပဲမပေးရသေးတာနော်စာအုပ်ဖို့းကို
ဘယ်တော့ပေးမှာလဲပြော

သစ်မှာပေးစရာမရှိဘူး
ဆရာမ

အဲ့ဆိုဘာလို့ ကျောင်းလာတတ်နေသေးလဲ ဟမ်
စာအုပ်ဝယ်မှတော့ စာအုပ်ဖိုးတော့ပေးရမှာပေါ့
စာတော်တာတစ်ခုထဲနဲ့လဲအလုပ်မဖြစ်ဘူးဟဲ့
သိရဲ့လား

ဟုကဲ့

ပြောလိုက်ရင်တော့ ဟုကဲ့ ဟုကဲ့နဲ့
သွား နေရာမှာပြန်ထိုင်တော့

ဟုကဲ့

သစ် ဆရာမရှေ့ကနေ ထိုင်ခုံရှိရာဆီ
လာခဲ့တယ်
သစ်ဟာ မိဘမဲ့ပါ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားနေရတဲ့ကျောင်းသူတစ်ယောက်
ဘယ်လိုကံကြမ္မာမျိုးနဲ့များသစ်ကိုမွေးဖွားခဲ့သလဲမသိ

ဆရာမစာသင်တာကိုသစ်အာရုံမစိုက်နိုင်
ဒီလိုနဲ့ တချိန်ပီးတစ်ချိန်ကုန်ဆုံးသွားလို့ ကျောင်းဆင်းခါနီးရောက်တော့  သစ်အချိန်ကိုသာတကြည့်ကြည့်ဖြင့်သာ
ကျောင်းဆင်းရင် အချိန်ပိုင်းအလုပ်ကို​အပြေးသွားရတာ​မို့ပါ

တောင်...တောင်..

ကျောင်းဆင်းတော့ သစ်အလုပ်ကိုအပြေးသွားရသည်

နောက်ကျပြန်ပီလား ပန်းရွက်သစ်
အမြဲနောက်ကျတယ်
အချိန်ကိုမလေးစားဘူး
နင့်ကိုယ်နင်ဘာထင်နေလဲ
ဒီအလုပ်မှာနင်မရှိလဲဖြစ်တယ်....
အေး နောက်နေ့ဒီလိုပဲဆို ငါ့အလုပ်ကထွက်တော့

ဟုကဲ့ နောက်တခါ
နောက်မကျစေရပါဘူး

အေး...ပြောလိုက်ရင်နောက်မကျစေရဘူးနဲ့
နောက်ပီး နောက်ကျတာပဲ
ညကျနင်နောက်ကျမှပြန်ရမယ်မှတ်
သွား သွားလုပ်ချည်တော့

ဟုကဲ့

သစ်မှာ ဟုကဲ့ကလွဲပီးဘာစကားမှမပြောနိုင်ပါ
အမြဲအပြောခံနေရတာဆိုတော့လဲရိုးနေပီပေါ့
ဟူးးးးးဒီနေ့လဲ နောက်ကျမှပြန်ရတော့မယ်

သစ်စိတ်ထဲကနေပြောပီး
အလုပ်လုပ်ရတော့သည်

သစ်ဟာ စားသောက်ဆိုင်တခုရဲ့ အချိန်ပိုင်းစားပွဲထိုး
ဝင်လုပ်သည်
ည10နာရီမှပြန်ရသည်
သစ်ကနောက်ကျတာမို့ ဆိုင်းသိမ်းရင်ပါကူသိမ်းပေးရတတ်သည်
အဲ့တော့ 10နာရီ 11လောက်မှပဲပြန်ရတတ်သည်

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now