ရွံ့မြေကြားမှ မေတ္တာပန်း ep 16

465 28 0
                                    

သစ်တို့အကုန်စားပီးတော့ အန်တီကသိမ်းမယ်လုပ်တော့
သစ်မှာတားရပြန်သည်

အန်တီ...သစ်သိမ်းလိုက်တော့မယ်...အန်တီပြင်ပေးပီးပီပဲ...

ရတယ်ကလေးမ....မင်းသာသွားနားတော့..လက်ကဒဏ်ရာရထားတယ်မလား...

အာ..လက်ကသက်သာနေပါပီ နာတောင်မနာတော့ဘူးရယ်...

အရှင်းမှမပြောက်သေးပဲကွယ်......
သွားစမ်းပါ...

မသွားဘူး...သစ်ရောကူလုပ်ပေးမှာ....

အန်တီ့အပြောကိုသစ်မစောင့်တော့ပဲ
ပန်ကန်တွေဆေးရမည့် ဘေစင်အနားသို့သွားပီး
ပန်ကန်ဆေးဖို့ပြင်တော့
အန်တီက သစ်အနားလာပီး
သစ်လက်ထဲကဆေးဖို့ကိုင်ထားသည့်ပန်ကန်ကိုဆွဲယူတော့
သစ်မှာပြန်လုရသည်

ပေးဆို..တို့ စကားကိုနားမထောင်ဘူးလား ဟမ်...

မရဘူး...သစ်လုပ်ပေးမှာပဲ..အန်တီစကားကိုသစ်တားထောင်ချင်ပေမဲ့ ဒါကြီးကမဟုသေးဘူးလေ...အန်တီရယ်..
အန်တီ့ အိမ်လဲနေရသေးတယ် ...အန်တီပဲအကုန်လုပ်ပေးနေတယ်ဆိုတာကမဖြစ်သက့်ဘူးမလား....

မင်း တော်တော်ရှည်တဲ့ကောင်မလေးပဲ....
တို့ ဟာတို့ ဘာပဲလုပ်လုပ်ပေါ့...

သစ်နဲ့အန်တီ ပန်ကန်ဆေးဖို့လုနေရာမှ ကြားကပန်ကန်လေးမှာ ကျကွဲသွားရတော့သည်

ခွမ်း........

အာ....

ကြည့်...ကွဲသွားပီ မင်းဟာလေ...တို့ စကားဆိုဘယ်တော့မှနားမထောင်ချင်ဘူး....
ဖယ် ....မကိုင်နဲ့ တော်ကြာလက်ထိကုန်မယ်...
ဖယ်ဆိုနေ....

သစ်မှာအန်တီ့ကိုကြည်နူးမှုအပြည့်နှင့်မှင်သက်စွာကြည့်နေမိသည်
ဘာကြောင့် ဆို သစ်ကိုဆူတော့မယ်ထင်တာ
ပန်ကန်ကွဲသွားလို့ သစ် ကို အပစ်တင်မယ်ထင်ထားတာ
ထမင်းဆိုင်တုန်းက သစ်ပန်ကန်ကျကွဲသွားတော့
သစ်ကိုရစရာမရှိအောင်ပြောသည် လစာလဲဖြတ်ခံရသည်
ပန်ကန်လေးတစ်ချက်တွက်သစ်မှာအများကြီးဆုံးရူံးရတယ်
ခု အန်တီကကျ အဲ့လိုမဟု သစ်မှာဆူမယ်ထင်ခဲ့ပေမဲ့
မဆူတဲ့အပြင်အန်တီက သစ်လက်ထိမှာဆိုးလို့ ဘေူဖယ်ခိုင်းနေသည်တဲ့လေ
သစ်သေပျော်ပါပီ
သစ်အတွက်စိတ်ပူပေးတဲ့အန်တီ့ကြောင့်သစ်တကယ်သေပျော်ပါပီ

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now