ရွံ့မြေကြားမှ မေတ္တာပန်း ep 28

431 19 0
                                    

သစ်မှာဆန်ပြုတ်လုပ်နေရင်း အန်တီ့တူဆို
တဲ့သူကိုသတိရသွားပီး ဘာစားမလဲ
သွားမေးဖို့ သူ့အခန်းဆီသွားမိသည်
သူ့အခန်းက သစ်နဲ့အန်တီ့အခန်းကိုကျော်ကာ ထိပ်ဆုံးမှာရှိနေသည်မို့
သစ်အခန်းဆီသွားပီး တံခါးခေါက်ဖို့ပြင်တော့
အထဲကဘာသံတွေမှန်းမသိ
ဖုန်းပြောနေသည်ကိုတော့ကြားသည်
သစ်သေချာကြားလိုက်ရတာက
အဲ့ အစီစဥ်အတိုင်းသွားတာပေါ့  တဲ့
ဘာပါ့လိမ့် ဒါမဲ့ သစ်နဲ့မှမဆိုင်ပဲ
သစ်လဲ တံခါးခေါက်ဖို့ပြင်တုန်း
အခန်းတံခါးဖွင့်လာသည်မို့ လန့့်သွားရသည်ည်

မလေးးး...နှာဘူးအကိုရယ် သတိထားပါဦး..
လန့်သွားတာပဲ....

ဘာပြောတယ်  နှာဘူးအကိုတဲ့လား....

အယ်  မဟုဘူး ပါးစပ်ကထွက်သွားတာ
ယောင်လို့ ယောင်လို့....

သစ်မှာ နူတ်ခမ်းကိုလက်လေးဖြင့်အုပ်ကာ
ပြန်ဖြေမိသည်

ထားပါ ..ဘာလာလုပ်တာလဲ..

အယ် ဘာဖြစ်နေတာလဲမသိ
ပုံစံကြည့်ရတာတမျိုးပဲ....
မနေ့ကနဲ့မတူသလို အာ..ဘာတွေတွေးနေတာလဲသစ်ရယ်
မနေ့က စကားတောင်ကောင်းကောင်းမပြောရတာကို

မနက်စာဘာစားမလဲ လာမေးတာပါ....

မစားားတော့ဘူး..ကိုယ်အပြင်သွားစရာရှိသေးလို့ မစားားတော့ဘူးလို့တီလေးကိုပြောပေးနော်...

ဟုကဲ့ပါ.....

ပြောပီး တံခါးပြန်ပိတ်သွားတဲ့ နှာဘူးအကို
တကယ်ပဲ မနေ့က အန်တီ့ကိုပြောထားတဲ့ သဘောကျတယ်ဆိုတဲ့စကားကိုတောင်ပြန်ရုပ်သိမ်းချင်မိသည်

သစ်လဲ မမေးနေတော့ပဲ အန်တီ့အတွက်သာပြင်ဖို့
ပြန်ဆင်းလာခဲ့ရသည်ည်

စွတ်ပြုတ်ရပီဆိုတာနဲ့ အန်တီ့အတွက်ဆေးပါတခါထဲယူလာခဲ့လိုက်သည်
သစ်အခန်းထဲဝင်လာတော့အန်တီဟာ မျက်ခုံးများတွန့်ချိုးပီး  မျက်ဝန်းမှာလဲမှိတ်ထားကာ မှီနေသည်မို့

အန်တီ...မသက်သာဘူးလား...
ဆရာဝန်ခေါ်လိုက်မယ်လေ.....

အာ...ကလေးမ...မလိုပါဘူး..
သက်သာပါတယ် နည်းနည်းခေါင်းကိုက်နေသေးလို့ပါ...

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now