ရွံ့မြေကြားမှ မေတ္တာပန်း ep 2

597 29 0
                                    

ဒီလောကကြီးမှာအသက်ရှင်ရပ်တည်နိုင်ဖို့သစ်
ကြိုးစားဖို့လိုအပ်သည်
သစ်ရဲ့တစ်နေ့တာအရ မနက်ခင်း3ခွဲလောက်ကို
မထချင်ပေမဲ့လဲ နေ့စဥ်ပုံမှန်ထဖို့လိုအပ်သည်

တီ..တီ..တီ..

သစ်ရဲ့မနက်ခင်းအဖော်လေး
နိုးစက်သံလေးကြောင့် သစ်အိပ်ချင်သည့်စိတ်ကိုချိုးနှိမ်ပီး
နာရီလေးကိုကြည့်မိတော့
3နာရီ

ဝါးးးးးးး...
ပန်းရွက်သစ်
နင်ဒီလောကမှာကျင်လည်နိုင်ဖို့
ကြိုးစားထား......ဖိုက်တင်း..

ကိုယ့်ကိုကိုယ်အားပေးပီး
သစ်ရဲ့တစ်နေ့တာအလုပ်ကိုလုပ်ဖို့ပြင်ဆင်လိုက်သည်

အာ...ဒီနေ့မီတာသွားဆောင်ရမယ်

သစ်မီတာစာရွက်လေးကိုကြည့်မိတော့
မီတာခက5000တဲ့
သစ် ပိုက်ဆံအိပ်လေးထဲအကြည့်ကတန်းရောက်သွားသည်
5000တန်လေးရွက်ရယ်10000တန်လေးတစ်ရွက်

ဟူးးးးလဝက်တောင်မရှိသေးဘူး
ပိုက်ဆံကဒီလောက်ပဲရှိတော့တယ်
မီတာခကလဲသွားမဆောင်လို့မရ
ညကျစာကြည့်မရပဲနေမှာ ပိုဆိုးတာကရေ
ရေမရှိတော့ဘူး
ဘာပဲဖြစ်ဖြစ်ကွာ မနက်စာထပ်လျော့လိုက်တော့လောက်မှာပါလေ

သစ် ပိုက်ဆံမလောက်လို့ညစာမစားပဲနေသည်မှာအတော်ကြာပီ
ခုလကပိုကျပ်တည်းသည်
ကျောင်းဆင်းချိန်သွားရတဲ့အချိန်ပိုင်းအလုပ်ကဒီလ လစာရမှာမဟု
ဆရာမကလဲစာအုပ်ဖိုးတောင်းနေပီ
ခုလကုန်ထိတော့နေ့လည်စာတစ်နပ်နဲ့တင်သစ်ကျေနပ်ရတော့မည်
သစ်အတွေးများစွာဖြင့် ရှိတဲ့ပိုက်ဆံလေးနှင့်အလုပ်အပြေးသွားရသည်

သူများတွေရဲ့မနက်ခင်းဟာစိုစိုပြေပြေပါ
မနက်ခင်းအိပ်ရာမထသေးရင် မိခင်ရဲ့ဆော်အောသံလေးနဲ့အတူထကြရတယ်မထချင်လို့အီနေရင်မိခင်ရဲ့အသံချိုလေးနဲ့ထပ်နိုးပေးတယ်ကျောင်းသွားဖို့ထမင်းချိုင့်ပြင်ပေး
မနက်စာစားဖို့ပြင်ပေး
အဖေကကျောင်းလိုက်ပို့နဲ့
ဘယ်လောက်ကြည်နူးစရာကောင်းလိုက်မလဲသစ်မှာတော့
သစ်ရဲ့နိုးစက်သံလေးကြားရင်ထ
မထချင်လဲ ဘယ်သူမှငါ့ကိုထပ်နိုးမှာမဟုဘူးဆိုတဲ့အသိနဲ့
ထရတယ်
စောသေးလို့ပြန်အိပ်ဆိုပီးပြောပေးမဲ့သူလဲမရှိ
သစ်ဟာသစ် ထမင်းချိုင့်ပြင်
အလုပ်သွားလို့လဲလိုက်ပို့မဲ့သူမရှိ
သစ်ဘဝဟာ ကြည်နူးဖို့တည်းနည်းလေးမှမကောင်း
သစ်အလုပ်ကိုသွားတဲ့လမ်းမှာ
ရှေ့ကိုကြည့်နေရင်း ဝါးဝါးလာလို့ သတိထားမိတော့
တွေးရင်း မျက်ရည်များဝဲလာသည်ပဲ

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now