ရွံ့မြေကြားမှ မေတ္တာပန်း ep 18

468 27 0
                                    

အန်တီ........
  အန်တီဆိုတဲ့အမျိုးသမီးဟာသစ်ရှေ့ကနေ ကာထားပီး
တစ်ဖက်ကသစ်ကိုရိုက်လာမည့်လက်ကိုလေထဲတွင်ဖမ်းထားကာ သစ်ကိုကာကွယ်ပေးသည်
သစ်စိတ်ထဲမှာ အန်တီဆိုတဲ့အမျိုးသမီးဟာ
သစ်ကိုကာကွယ်ပေးတဲ့တစ်ဦးတည်းသောသူ
သစ်ကိုဂရုစိုက်ပေးတဲ့သူ
သစ်ဘဝမှာမည်သူကမှ မကူညီခဲ့ဘူးပါ
သစ်စိတ်ထဲမှာပျော်ရွှင်မှုဟာအတိုင်းထက်အလွန်ပါ
သစ်ခံစားနေရတဲ့ခံစားချက်ကိုစကာူလုံးတွေဖြင့်ဖော်မပြတတ်တော့အောင်ကို အန်တီဆိုတဲ့အမျိုးသမီးဟာသစ်ကို ညို့ယူနိုင်သည့်သူသာ

သစ် ပျော်ရွှင်မှုကြောင့်မျက်ရည်များပါလျှံတတ်လာပီးပါးပြင်ပေါ်သို့ သစ်ကိုယ်တိုင်တောင်သတိမထားမိစွာ
စီးဆင်းလာခဲ့သည်

ဒါကျောင်းဆိုတာ မင်းတို့နားမလည်ဘူးလား ဟမ်!!!!!!!
ဆရာဆရာမတွေကကော ဒီတိုင်းကြည့်နေလို့ရသတဲ့လား....
ဒါကျောင်းဆိုတာကောမင်းတို့သိရဲ့လား!!!!!!!!!
မင်း တို့မိဘတွေကမဆုံးမဘူးလား......

အန်တီ့အသံဟာသစ်ကြားဖူးသည့်ခါတိုင်းအသံနဲ့မတူစွာ
အော်ဟစ်ပြောဆိုသည်ထက်
တည်ငြိမ်ပီူ အသံမာစွာ မျက်နှာနှာလဲသစ်မမြင်ဘူးသည့်ပုံစံ
သစ်မှာ မျက်ရည်များကြားကပြုံးမိသည်
တပြိုင်ထဲအန်တီဟာသစ်အတွက်အားထားရာရပ်ဝန်းလေးဟုတွေးမိသည်
အန်တီ့ပုံစံကိုကြည့်ပီးသစ်လန့်တော့လန့်မိသား

ဟတ် သူရဲကောင်းလာလုပ်နေတယ်....
လွတ် လက်ကို....

လက်တောက်လောက်လေးနဲ့ ပြန်လာပြောရဲသေးတယ်နော်
အနိုင်ကျင့်နေတာကဘယ်သူလဲပြော......
နင် တို့မိဘတွေကမဆုံးမဘူးလား....
မိဘရှိရဲ့နဲ့ မိဘမဲ့လောက်တောင်အသိတရာမရှိဘူး
ဆိုဆုံးမမဲ့သူတွေရှိရဲ့နဲ့မဆုံးမဘူးထင်ပါရဲ့
ဘယ်လိုမိဘကများ ဒီလိုပစ်ထားသလဲမသိ....
ကျောင်းကလဲဘာကျောင်းလဲ ပိုက်ဆံလေးပေးပီးကပ်ဖားတာနဲ့ မပေးနိုင်တဲ့သူကိုအနိုင်ကျင့်ချင်တိုင်းကျင့်လို့ရသတဲ့လား....
ကျောင်းအုပ်ကြီးရုံးခန်းက ဘယ်မှာလဲ ..
မင်းတို့အကုန်လိုက်ခဲ့....

ထိုက်ပိတ်ဟောက်လိုက်မှ တိတ်ပီးကျောင်းအုပ်ကြီးရုံးခန်း
သွားသည်
ဟိုသောက်ကလေးကလဲ ထိုက်နဲ့ဆိုပြန်စွာသလောက်
ကျောင်းမှကျအနိုင်ကျင့်ခံနေတယ်
ပြန်စွာပါ့လား ပြန်လုပ်ပါ့လား
အူတူတူနဲ့ နောက်မှပြောရအုံးမည်
ဒီသောက်ကလေးကို
ထိုက် ထိုကလေးမလေးကိုသေချာကြည့်မိတော့
မျက်ရည်များမှာ ပါးပြင်ထိ စီးဆင်းနေသည်မို့
ထိုက်မလာခင်က ဘာများလုပ်လိုက်တာလဲဆိုသည့်အတွေးနှင့် ထို အနိုင်ကျင့်သည့်ကလေးမတွေတစ်ဖွဲ့လုံးကို အမှုံ့ကြိတ်ပစ်ချင်စိတ်များပေါ်ပေါက်လာသည်အထိ
မနေ့က ထိုက် ကလေးမကိုလာကြိုတော့
ကလေးမလေးဟာ ထော့နဲ့ထော့နဲ့ဖြင့်
ဒါကိုထိုက်သတိမထားမိအောင်ထင်ပါရဲ့ထိန်းပီးလျောက်နေခဲ့သည်
သို့သော် ထိုက်သိတာပေါ့
ထိုက်ဟာကလေးမလေးကို
အသေးစိတ်ကအစလိုက်ကြည့်မိသည်မဟုပဲ
သတိထားမိနေသည်ကို
ကလေးမလေးကို မေးရင်လဲဖြေမည်မဟု
ထိုက်သိတာကြောင့်မမေးပဲနေခဲ့သည်
သို့သော် ကလေးမလေးလမ်းလျောက်တိုင်းမူပျတ်သွားသည်မှာ ခဏခဏမို့
ထိုက် မနေနိုင်သည့်အဆုံး
ကလေးမလေးအိပ်ပျော်နေသည့်အချိန်မှ
ထိုက်ကြည့်မိတော့
ခြေသလုံးတစ်လျောက်အရိူးရာများဖြင့်တချို့မှာသွေးစို့နေသည်အထိ
ထိုဒဏ်ရာတွေကိုမြင်တော့
ထိုက်ရင်ဘက်ထဲမှာကမ္ဘာပျတ်နေသလိုကိုခံစားရပီး
ဒေါသများဟာလဲ ထိန်းမရဖြစ်လာသည်အထိ
သို့သော်ကလေးမလေးအိပ်နေသည်မို့ထိုက်ဒေါသများကို
မြိုချကာ ကလေးမလေးမျက်နှာလေးသာစိုက်ကြည့်နေမိသည်
ဘာတွေဖြစ်နေတာလဲကွယ်
ဘာကြောင့်တို့ကိုပြောမပြရတာလဲ
တို့ ကိုမင်းက ဘယ်လိုသဘောထားနေတာလဲ
ထိုက်အတွးများဟာ နယ်လွန်ကာ
ဝမ်းနည်းသည့်စိတ်ခံပြင်းသည့်စိတ်ဒေါသဖြစ်သည့်စိတ်များပေါင်းစုံကာ
မျက်ရည်အဖြစ် ကျဆင်းလာခဲ့သည်
ဘယ်လောက်တောင်နာကျင်နေလိုက်မလဲကွယ်ထိုက်အကြောင်းစုံသိရအောင်
ကလေးမကျောင်းကို လိုက်လာခဲ့သည်
ကျောင်းက ထိုက် နှစ်စဥ်လှူသည့် ကျောင်းများထဲကတစ်ကျောင်းဖြစ်သည်မို့
ထိုက်ကိုဝင်ခွင့်ပေးခဲ့သည်
ကလေးမလေးကိုရှာရင်းသန့်စင်ခန်းဘက်သွားသည်ဟုဆိုသည်ကြောင့် ထိုက်လိုက်လာခဲ့ရာ
ကလေးမလေးကိုကောင်မလေးတစ်ဖွဲ့ကဝိုင်းထားပီး
နောက်
ကလေးမလေးကိုရိုက်ဖို့လက်ရွယ်သည့်အချိန်တွင် ထို က်ခြေထောက်များဟာ
ကလေးမလေးရှေ့တွင်ကာထားပီး
ရိုက်မည့် လက်ကိုလဲလေထဲတွင်ဖမ်းဆွဲထားမိသည်

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now