ရွံ့မြေကြားမှ မေတ္တာပန်း ep 12

520 27 0
                                    

ပန်းရွက်သစ်နင်တော်တော်ရူးတာပဲ
အန်တီ့ကိုဘာကိစအဲ့လိုသွားပြောရတာလဲ
အဟင့်..နင်နဲ့အန်တီကဘာဆိုင်လို့နင်ကသွားပီးစိတ်တိုနေရတာလဲ
အန်တီ့ဟာအန်တီဘယ်သူနဲ့ပြောပြောပေါ့
နင်ကဘာကိစစိတ်တိုရတာလဲ
ဟာကွာ မသိတော့ဘူး စောဆိုတဲ့အမကရောဘယ်သူလဲ
ဘယ်ကလဲ အန်တီနဲ့ဘယ်လိုပတ်သက်လို့အဲ့လောက်ထိရင်းနှီးနေရတာလဲ
တော်ပီ ပန်းရွက်သစ် တော်ပီမတွေးနဲ့တော့..
အန်တီကနင့်ပေါ်ကောင်းပေးတိုင်းယောက်မတတ်နဲ့
ဘာပဲဖြစ်ဖြစ်နင်နဲ့အန်တီနဲ့ကတစ်လမ်းဆီပဲ
ပန်းရွက်သစ်စိတ်ထဲမှာပြောနေရင်း
မျက်ရည်များလဲစီးကျနေလျက်
ဘာကြောင့်ကျနေမှန်းသစ်လဲမသိ
သစ်ရင်ထဲမှာနာကျင်တာပဲသိတယ်

ကလေးမအခန်းကို ထိုက်တံခါးခေါက်ကြည့်ပေမဲ့
ဘာသံမှပြန်မလာတာကြောင့်
တံခါးဖွင့်ကြည့်တော့ ပွင့်သွားသည်မို့
ထိုက် ကလေးမအခန်းကိုဝင်ခဲ့လိုက်သည်
ကုတင်ပေါ်မှာမရှိတာကြောင့်ထိုက်အနည်းငယ်အလိုမကျျဖြစ်သွားမိသည်
ရေချိုးခန်း အိမ်သာ ထဲဝင်ကြည့်တော့လဲမရှိ
ထိုက်စိုးရိမ်လာသည်
ဒါမဲ့  လသာဆောင်ကတံခါးပွင့်နေသည်မို့
သွားကြည့်မိတော့ ကလေးမ
မျက်ရည်များစွာဖြင့် ကျုံ့ကျုံ့လေးထိုင်ပီး
လက်လေးပိုက်ထားရှာတဲ့ထိုကလေးမ
ကလေးမလေးမျက်ရည်များကိုမြင်ရသည်သည်မှာ
ထိုက်ရင်ထဲကို ပူလောင်စေတာအမှန်ပင်
ဘာကြောင့်မျက်ရည်ကျရသလဲကွယ်
တို့ကြောင့်လား ကလေးမရယ်

ကလေးမ....

ဟင်..အန်တီ..
ဘာလာလုပ်တာလဲ.....

အော်..တို့အိမ်ပဲကွယ်..တို့လာချင်လာမှာပေါ့...

ထိုက်စိတ်ထဲကနေ
ထိုက်ရယ်ဘယ်လိုတွေပြောနေတာလဲ
ချော့ပါမယ်ဆိုမှပဲ

မျက်ဝန်းမှာငိုထားသည်မို့စိုစွတ်လျက်
မျက်စောင်းထိုးကြည့်လာသည့့်ကလေးမလေး
သေပါပီ ကလေးမလေးရယ်..တို့
အသဲတွေယားနေပီ..အဟင်းင်း ..ဆွဲနမ်းမိရင်တော့ဒုက္ခ..

အဲ့ဆိုနေ..သစ်အိမ်သစ်ပဲပြန်မယ်....

အယ်..မရဘူးလေ..

ဘာလို့မရ ရမှာလဲ ..
သစ်အိမ် သစ်ပြန်တာပဲ ဘယ်သူကလာပြောမှာလဲပြော..

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now