ရွံ့မြေကြားမှ မေတ္တာပန်း ep 17

463 24 0
                                    

ထိုက် နိုးလာတော့အစောကြီးရှိသေးသည်
ကလေးမကဒီချိန်ထတတ်သည်ပြောထားတာမို့
မေ့ပီးထမည်စိုးတာကြောင့်
ကလေးမ ကိုပြောဖို့ ကလေးမအခန်းဆီသွားရင်း
ကြားလိုက်ရသည့်အသံကြောင့်ထိုက်စိတ်တွေဟာတည်ငြိမ်မနေတော့ပဲ
ဒေါသစိတ်ဟာ ထိန်းမရတော့ပါ
ဘာကြောင့်ဒေါသထွက်သည်ကိုတော့ထိုက်မသိ
ထိုက်ဒေါသဖြစ်စေသည့်ကလေးမစကားသည်

သစ်လဲ မမသဲစုကိုချစ်ပါတယ်နော်....

ဆိုသည့် ထိုသောက်ကလေးမလေးအပြောကြောင့်
ထိုက်ဒေါသတွေငယ်ထိပ်တင်မကပဲကျော်ပါကျော်နေပီ
ထိုက်စိတ်တိုစွာ
တံခါးကိုအသာမဖွင့်
ဒေါသစိတ်ကိုတံခါးဆီပို့ပီး
ဖွင့်မိတော့

ဒုန်း......!!!!!!!!

ဟာ....အန်တီ....
ဘာဖြစ်လို့လဲ....

ဘာမှမဖြစ်ဘူး!!!!!

အာ..ဖြေးဖြေးသာသာပြောပါ အန်တီရယ်....

မင်း  ဘယ်သူနဲ့ပြောနေတာလဲ...

အော်..မမသဲစုနဲ့လေ....

ဘာကိစ မင်းကသူနဲ့ဖုန်းပြောရတာလဲ ပြော!!!!

အယ်...မအော်ပါနဲ့....မမသဲစုကို အလုပ်ထွက်တော့မယ်လို့လှမ်းပြောတာပါ....

မင်း ကို တို့ပြောခိုင်းမိလား ဟမ်..ဖြေလေ  ....

မင်းကို မလိုဘူးလို့ပြောထားတယ်မလား...
မင်း ကျောင်းကိစကိုပဲအာရုံစိုက်ခိုင်းထားတယ်မလား....
ဟမ်...ဖြေလေ....!!!!!!

သူပဲစွတ်ပြောနေပီး..သစ်ကိုဖြေဖို့အချိန်တောင်မပေးပဲ
မဖြေလို့အော်ဆိုပီးနေသာအပျိုကြီးအန်တီ....

ဟဲလို  အယ်...သစ်ရေ ဘာဖြစ်တာတုန်း....

ဘာမှမဖြစ်ပါဘူး  မမသဲစု..စု......

ပေး မင်းဖုန်း...ကျောင်းတတ်နေတဲ့အချိန်တွင်းမကိုင်ရဘူး...

သစ်ဖုန်းကိုလုသွားသည့်အန်တီရယ်ပါ

ဟာ...အန်တီ သစ်ဖုန်းမချရသေးဘူး....

တို့ချလိုက်ပီ....

သစ်ဖုန်းကိုယူပီး စိတ်တိုင်းကျပြုမှုနေသည့်အန်တီ

အန်တီ ချလိုက်ပီလား...
မမသဲစုဘယ်လိုထင်သွားမလဲမသိဘူး...
စိတ်ပူနေတော့မှာပဲ...

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now