ရွံ့မြေကြားမှ မေတ္တာပန်း ep 30

449 16 0
                                    


စောနဲ့ဖုန်းပြောပီး ထိုက်ရင်ထဲမှာပူလောင်လာရသည်ည်
ဘာလို့လဲ ဘာလို့လဲ ခုမှစပီးပျော်ရွှင်မလို့လေ
ထိုက်မှာရင်ထဲစို့နင့့်ကာ ဘယ်လိုမှတားဆီးမရတော့သည့်မျက်ရည်များအားလဲကျဆီးခွင့်ပြုကာ
သုတ်ဖို့တောင်သတိမရတော့သည်ထိပင်
ထိုက်လေ ကလေးမလေးကိုလက်လွတ်ဆုံးရူံးရတော့မှာလား
ဘာလို့များထိုက်နဲ့ကလေးမဆီကိုအမြဲပြသနာတွေပဲဝင်လာနေရတာလဲ
ထိုက်ကိုဘယ်ချိန်မှပေးပျော်နိုင်မှာလဲ
လုပ်ရက်လိုက်တာ....

ခြေလှမ်းတွေအားလျော့စွာ
ကလေးမလေးရှိရာဆီအခန်း၌သွားမိသည်
အခန်းတံခါးဝရောက်တော့
ခဏရပ်ကာ

ကလေးမလေး သိလို့မဖြစ်သေးဘူး ထိုက်...
ကလေးမလေးရှေ့မှာမျက်ရည်ကျနေလို့မရဘူး....

ကိုယ့်ကိုကိုယ်ပြောကာ မျက်ရည်များသုတ်ပီး
အသက်မပါတဲ့အပြုံးဖြင့်အခန်းထဲဝင်ခဲ့သည်

ကလေးမလေး.....

ထိုက်မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိုက်ရဲ့နာကျင်မှုပေါ်ထပ်ပီး အနာပိုပေးလိုက်သလို
ထိုက်ခုချိန်မှာဘယ်လိုနာကျင်မှုမျိုးလဲဆိုတာတောင်ပြောမပြတတ်တော့သည်ထိ
တာကျင်မှုဟာ ကြီးစိုးလာခဲ့သည်
ဘာကြောင့်ဆို ကလေးမလေးမလေးမှာ
မျက်ရည်များစွာဖြင့် ထိုက်ခေါ်တော့ ကြည့်လာသည့့်အကြည့်များဟာ ထိုက်ကိုနာကျည်းမုန်းတီးနေသယောင်
ဘာတွေဖြစ်ကုန်တာလဲကွာ
ခုနမှချစ်တယ်ပြောပီးပျော်ရွှင်စွာအပေါ်တတ်သွားတဲ့ကလေးမလေးက
ခုဘာကြောင့်များ....
ထိတ်းမနိုင်ိုင်တော့သည့့်မျက်ရည်များအားကျဆင်းခွင့်ပြုမိကာ

ကလေးမလေး...ဘာဖြစ်တာလဲဟင်.....

ကလေးမလေးအနားသွားမိမှ လက်ထဲကထိုက်ရဲ့စာအုပ်လေး
နန်းနဲ့တွေ့ပီးချိန်ကစပီး ကလေးမလေးနဲ့မတွေ့ခင်ချိန်ထိရေးဖြစ်ခဲ့တယ်
နန်းကိုသတိရတိုင်းရေးတတ်တယ်
ထိုက်အဲ့စာအုပ်ကို ကလေးမလေးတွေ့မှာစိုးလို့
သေချာသိမ်းခဲ့ပါတယ်
ဘယ်လိုတွေ့သွားရတာလဲ

အန်တီဖုန်းလာတော့
သစ်ရေချိုးဖို့အပေါ်တတ်ခဲ့တယ်
သစ်မှာလေ အရမ်းမြတ်နိုးတဲ့အန်တီ့ကြောင့်
သစ်ပျော်ရသည်ည် သစ်ချစ်တဲ့အန်တီဟာသစ်စ်ကိုလဲပြန်ချစ်သည်ဟုတွေးမိတိုင်းကြည်နူးစွာပျော်ရွှင်ရသည်ည်
အကျီယူဖို့ဘီဒိုဖွင့်လိုက်တော့
ချက်ချင်းကို သစ်ခေါင်းပေါ်ပြုတ်ကျလာသည့့်စာအုပ်လေးတစ်အုပ်
ဘာပါလိမ့် သစ်တွေးမိတော့
ဟိုနေ့က အန်တီ့ရဲ့တူကိုင်သွားတဲ့စာအုပ်လေးပဲ
ဘယ်လိုလုပ် သစ်ဘီဒိုထဲရောက်နေမှန်းမသိ
သူများစာအုပ်ကို မစပ်ပ်စုချင်တာနဲ့
ပြန်ပေးဖို့ စာပွဲပေါ်တင်မလို့ရှိသေး
စာအုပ်ကြားထဲက ဓာတ်ပုံလေးတစ်ပုံထွက်ကျလာသည်မို့
သစ်ကြည့်မိတော့ သစ်နဲ့အရမ်းတူသည့့်ကောင်မလေးတစ်ယောက် ပုံက တော်တော်တော့ဟောင်းနေပီ
သို့သော်ဓာတ်ပုံထဲက ကောင်မလေးကိုတော့ သေချာကြည့်လို့ရသည်ည်
သစ်စိတ်ဝင်စားလာပီး ဘယ်တုန်းကမှသူများအရာတွေသူများပစ္စည်းတွေမထိမကိုင်ိုင်ဘူးတဲ့သစ်ဟာ
ခုတော့ အဲ့စာအုပ်လေးထဲက စာတွေကိုဖက်မိပီ
သစ်ဖက်လိုက်တိုင်း ရငိထဲမှနာကျင်လာရပီး
ခေါင်းထဲမှာလဲ စာထဲကအဖြစ်အတိုင်းဝိုးတိုးဝါးတားမြင်နေသည်
ဘာတွေလဲ.....

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now