part-1

25.7K 910 17
                                    

"အိုဆယ်​ဟွန်း ဟုတ်​လား ဘွား"

"ဟုတ်​တယ်​ ဆယ်​ဟွန်းနီး​လေး ဘယ်​လိုသ​ဘောရလဲ ​မြေးချန်း"

တကယ်​ဆို ဘွားသည်​ ချန်း​ယောလ်​ ဆန္ဒကို​မေးတာမဟုတ်​ပဲ သူ့ဆန္ဒကိုသာ ​ပြော​နေခြင်းဖြစ်​သည်

ဘယ်​လိုပဲ ဖြစ်​ဖြစ်​ ဘွားစိတ်​သာမူကအ​ရေးကြီးတာမို့..

"ဘွားသ​ဘောက ကျ​တော်​သ​ဘောပါပဲ"

"အားဂူး အာ့​ကြောင့်​ ဘွားကတုန်​​နေ​အောင်​ချစ်​ရတာ ​နေအုံး မင်းအ​ဖေဆီဖုန်းဆက်​ရမယ်​"

"ဟုတ်​ အာ့ဆို ကျ​တော်​အ​ပေါ်တက်​နား​တော့မယ်​​နော်​ အဘွား"

"​အေး ​မြေး​လေး အ​ဒေါ်ကြီးကိုခဏ​နေ သံပရာရည်​ပို့ခိုင်းလိုက်​မယ်​"

ချန်း​ယောလ်​ ဘွားကိုတစ်​ချက်​နမ်းက အ​ပေါ်ထပ်​က အခန်းထဲတက်​လာခဲ့သည်

အိုဆယ်​ဟွန်း!!

ဆယ်​ဟွန်းဆိုတာ အိုအိမ်​​တော်​ရဲ့ တစ်​ဦးတည်း​သောမျိုးဆက်ဖြစ်​ကာ ချန်း​ယောလ်​နဲ့သက်​တူရွယ်​တူ ​ကောင်​​လေးတစ်​​ယောက်​ဖြစ်​သည်

ချန်း​ယောလ်​တို့ ပတ်​အိမ်​​တော်​နဲ့အိုအိမ်​​တော်​က ဟိုးအရင်​ ချန်း​ယောလ်​တို့်မ​မွေးခင်​ကတည်းခင်​မင်​ရင်းနှီးကျတာပါ

ချန်း​ယောလ်​အဘွားနဲ့ဆယ်​ဟွန်းအဘွားက ငယ်​ငယ်​​လေးကတည်းက သူငယ်​ချင်း​တွေ

ဖေ​ဖေနဲ့ဆယ်​ဟွန်း​မေ​မေတို့ကတည်းက လက်​ထက်​​ပေးချင်​ခဲ့တာ ဟိုဟာ​တွေက သူ့တို့ချစ်​သူ​တွေ​နောက်​လိုက်​​ပြေးကြသည်​မို့ သူတို့နှစ်​​ယောက်​လက်​​လျော့လိုက်​ခြင်းပင်

ဒါမဲ့ ခု​တော့သူတို့အိမ်​​ထောင်​ဘက်​​တွေက ဆုံးပါးသွားကြပါပြီ ​ပြောရရင်​ ကျ​တော်​​မေ​မေနဲ့ဆယ်​ဟွန်း​ဖေ​ဖေ​ပေါ့..

ခု​တော့ ​မြေး​တွေအလှည့်​ကျမှ အ​ကောင်​ထည်​​ဖော်​မည်​ပုံပင်

ဒါမဲ့ ဆယ်​ဟွန်းအဘွားက​တော့ လွန်​ခဲ့တဲ့ ၃နှစ်​​လောက်​ကတည်းကဆုံးပါးသွားတာ

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now