part-2

10.2K 680 24
                                    

ချန်း​ယောလ်​ ​မ​နေ့ညက ဆိုဖာ​ပေါ်အိပ်​​ပျော်​သွားသည်​မို့ ​ခေါင်း​နောက်​ကျိမူများနဲ့အတူနိုးထလာခဲ့သည်

"ကျစ်​!!ဇက်​​တွေလည်းနာလိုက်​တာ"

မ​နေ့ညကတည်းက ဘာမှဟုတ်​တိပတ်​တိမစားထား​သေးတာမို့ ဗိုက်​ကဆာလာသည်

အာ့​ကြောင့်​ မြန်​မြန်​မျက်​နှာသစ်​လိုက်​ကာ ​အောက်​ထပ်​ဆင်းလာခဲ့တယ်

အောက်​ထပ်​မီးဖို​ချောင်​ဝင်​လာခဲ့​တော့ ကိုယ်​​တော်​​ချောက စာအုပ်​တစ်​အုပ်​ကိုဖတ်​ကာ နွားနို့​သောက်​ရင်းဇိမ်​ကျ​နေတယ်

ချန်း​ယောလ်​ ​ခေါင်းအသာရမ်းရင်​ သူ့​ရှေ့တည့်.့​တည့်​ထိုင်​လိုက်​တယ်

"ငါတွက်​မနက်​စာပြင်​​ပေးအုံး"

ချန်း​ယောလ်​​ပြော​တော့ ဆယ်​ဟွန်းမျက်​လုံးလှန်​ကြည့်​ကာ

"ဘယ်​သူကို​ပြော​နေတာလဲ?"

"မင်းကို​လေ"

"အဟက်​ မင်းလက်​နူ​နေလို့ ငါကပြင်​​ပေးရမှာလား???"

"ဘာ!!!ဒီမယ်​ဆယ်​ဟွန်း ငါကမင်း​ခင်​ပွန်း​နော်​"

ဆယ်​ဟွန်း နွားနို့​သောက်​ရင်း စာအုပ်​ကိုသာဆက်​ဖတ်​​နေသည်

"​ဟေ့.!!!ငါ​ပြောတာကြားလား??"

"မင်းလက်​နူ​​နေတယ်​လို့​ပြောရင်း ငါထပြင်​​ပေးမယ်​ ခု​တော့​ဆောရီးပဲ"

ချန်း​ယောလ်​ ဇက်​​တွေလည်းနာ ​ခေါင်း​တွေလည်းမူး ဗိုက်​ကလည်းဆာ​နေသည်​မို့

"​အေး ငါလက်​နူ​နေလို့ကွာ မနက်​စာ​လေးပြင်​​ပေးစမ်းပါ​နော်​"

ပတ်​ချန်း​ယောလ်​ ​ယောက်ျားရကံ​ကောင်းလိုက်​ပုံများ အ​ကောင်းက​နေ နူရ​သေးတယ်

အာ့ကျမှ ဆယ်​ဟွန်းက ဖတ်​လက်​စစာအုပ်​ကိုအသာချထားကာ ထပြင်​​ပေးသည်

"​ကော်​ဖီလား??နွားနို့လား??"

"​ကော်​ဖီ!!"

ဆယ်​ဟွန်းမနက်​စာပြင်​​နေတုန်း ချန်း​ယောလ်​သူဖတ်​​နေတဲ့စာအုပ်​ကိုတစ်​ချက်​လှည့်​ကြည့်​လိုက်​သည်

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now