"ကိုယ့်ကို ဘယ်လိုမြင်လဲ မီယောင်း~"
မနက်စာအတူတူစားရင်း ရုတ်တရက်
ထမေးလာတဲ့ ချန်း~"အင်း ကျမ သိတဲ့ချန်း တော်တယ် ထက်မြတ်တယ် ပြတ်သားတယ် စမတ်ကျတယ်"
ပြတ်သားတယ်????
"ဟက်~"
ချန်းယောလ် သူမစကားတွေကြောင့်
သဘောကျစွာရီလိုက်မိသည်..."ဘာလို့ရီတာလဲ ချန်းရဲ့"
"မီယောင်းပြောတာတွေနဲ့ ကိုယ်နဲ့
ခုတခြားစီဖြစ်နေလို့လေ"ချန်းယောလ် ဆိုင်အပြင်ကိုတွေတွေလေး
ငေးမောရင်း..."အဘွားက ဆယ်ဟွန်းကို အကိုရီဖန်နဲ့
လက်ထက်ပေးတော့မယ်""တကယ်!!"
"အွန်းးးကိုယ်လေ အာ့စကားကြားပြီးကတည်း
က ရင်ထဲမွန်းကြပ်ပြီး နေလို့ထိုင်လို့
မကောင်းဘူး...."ချန်းရယ်~
"ဆယ်ဟွန်းကို မေ့ပစ်နိုင်ပြီဆိုပြီး
ခု ကိုယ့်ကို ကိုဘာဖြစ်နေမှန်းမသိဘူး.."အာ့တာ မမေ့နိုင်သေးတာပေါ့ ချန်းရဲ့..
"ကိုယ်တိုင်ပဲ သူ့ကိုထွက်သွားပြောခဲ့တယ်
တကယ်လက်တွေ့ သူပျောက်သွားတော့
တစ်ရက်မှသူ့ကိုမေ့မရခဲ့ဘူး...."ချန်းယောလ် နှာခေါင်းတွေနီတက်လာကာ
မျက်ရည်တွေရစ်ဝဲလာသည်...ပြီးမှ သူရင်ဖွင့်နေတာ သူ့ချစ်သူမီယောင်းဆိုတာသတိရပြီး..
"အာ~ ဆော ဆောရီး မီယောင်း
ကိုယ် ကိုယ်တကယ်တောင်းပန်ပါတယ်"မီယောင်း ခေါင်းရမ်းပြလိုက်သည်..
"မလိုပါဘူး ထပ်ပြောမယ် ချန်းစိတ်ချမ်းသာ
သလိုလုပ် ကျမအားလုံးလက်ခံတယ်""မီယောင်း~"
"ချန်းရင်ထဲက ခံစားချက်အတိုင်းလုပ်ပါ
ကျမ ကြည်ဖြူ စွာလမ်းခွဲပေးပါ့မယ်"
YOU ARE READING
မာနတို့ဖြင့်~လှပခဲ့သော~အချစ် [Completed]
Fanfiction◀◀SEHUN CHANYEOL▶▶ ◀CHANHUN YEOLHET▶ (Zawgyi-Unicode)