part-19

8.2K 704 114
                                    

📱"အွန်း မင်​​ဆော့ အကူညီ​တောင်းပါ
တယ်​​နော်​ သိလား?"

"​အေးပါကွာ "

"ViViကငါမရှိရင်​အစာစားမှာမဟုတ်​ဘူး
သေချာ​လေး​ချော့​ကျွေး​ပေး "

"ဟာ သိပါတယ်​ဆို !!"

"အာ့ဆို ဒါပဲ ​ကျေးဇူးပဲ​နော်​"

"ဟုတ်​ပြီ" 📱

ဆယ်​ဟွန်းတို့​ရောက်​တာ ​နေ့တစ်​ပိုင်းကျိုးသည်​ထိအလုပ်​မပြီး​သေး အပြန်​​နောက်​ကျမှာသိလို့
မင်​​ဆော့ကို ViVi​လေးအစာ​ကျွေးဖို့လှမ်းအကူညီ​တောင်းရသည်

ကြားထဲမိုးကအိစိအိစိနဲ့ဆို​တော့ အလုပ်​က
ထင်​သ​လောက်​မပြီးပြတ်​....

ခုလည်း ချန်း​ယောလ်​အလုပ်​သမား​ခေါင်း​ဆောင်​နဲ့​တွေ့​နေတုန်း ဒီဘက်​ထွက်​လာပြီး
ဖုန်းဆက်​ရသည်​....

"ဟာ မိုးကသည်းလာပြီ"

ဆယ်​ဟွန်း​တွေး​နေ​ကောင်း​နေတုန်း မိုးက
အရမ်းသည်းလာသည်

ဒါနဲ့ ဒါရိုက်​ဘာဆီကထီး​တောင်းကာ.ချန်း​ယောလ်​ဆီလိုက်​သွားမိ...

"အာ့ဆို အ​ဆောက်​ဦး​တွေအကုန်​ပြီးတာနဲ့
အထက်​ကိုလှမ်းအ​ကြောင်းကြား​ပေး"

"ဟုတ်​ကဲ့ပါ.သူ​ဌေး"

"ခွင့်​ပြုပါအုံး ​နောက်​တစ်​ဆိုဒ်​ကူးအုံးမှာ
မလို့"

ချန်း​ယောလ်​ထွက်​လာ​တော့ ဆယ်​ဟွန်းအ​ပြေးလွှားထီးသွား​ဆောင်း​ပေးရသည်​..

တစ်​​နေ့လုံး မိုးရွာကြီးထဲ ဟိုကူးဒီကူးနဲ့
ချန်း​ယောလ်​​ရော ဆယ်​ဟွန်းပါ ရွှဲရွဲစို...

နေ့လယ်​၂နာရီ​လောက်​မှ ထမင်းစားဖို့
ချန်း​ယောလ်​သတိရကာ...

"ဒါရိုက်​ဘာလီကို​ခေါ်ပြီး နီးရာဆိုင်​တစ်​ဆိုင်​မှာထမင်းသွားစား​တော့ ​နောက်​ကျ​နေပြီ"

"သူ​ဌေးက​ရော??"

"ငါမဆာဘူး"

ချန်း​ယောလ်​အလုပ်​​လောဘကြီးတာ ခုမှ
ဆယ်​ဟွန်းသိတယ်​ တစ်​စက်​မနား...

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now