part-24

9.1K 883 181
                                    

"ချန်း~ ဆန်​ပြုတ်​ထည့်​​ပေးထားတယ်​​နော်
နေ့လယ်​​ဆေး​သောက်​ဖို့လည်းမ​မေ့နဲ့.."

"အွန်းပါ မီ​ယောင်းရဲ့.."

ချန်း​ယောလ်​ဖျားတဲ့ တပတ်​တိတိ မီ​ယောင်းကပဲပြုစု​ပေးခဲ့သည်​ အ​မေက​တော့
ခဏခဏ​တော့ လာကြည့်​ပြီး.စားချင်​တာ​လေး​တွေလုပ်​လာ​ပေးပါတယ်​...

ခုလည်း ချန်း​ယောလ်​ အလုပ်​သွားမှာမလို့မနက်​အ​​စောထပြီး မီ​ယောင်းဆန်​ပြုတ်​ ပြုတ်​​ပေးသည်

"​ကျေးဇူးတင်​ပါတယ်​ မီမီ~"

သူမလက်​ကိုဆုပ်​ကိုင်​ကာဆိုမိ​တော့

"ချန်းနဲ့ကျမ​ကြား အာ့တာ​တွေမလိုပါဘူး
နေလို့သိပ်​မ​ကောင်းရင်​ ပြန်​နား​နော်​...

"အင်းပါ ဒီ​နေ့လာမအိပ်​နဲ့​တော့​လေ
ကိုယ်​လည်းသက်​သာ​နေပြီပဲ"

ကိုယ်​​တွေက ရိုးသားစွာ အခန်းတစ်​ခန်းစီအိပ်​ကြ​ပေမဲ့ လူ​တွေအ​ပြောကရှိ​သေးသည်

မီ​ယောင်းက မိန်းမသားမို့ ပိုအားနာရတယ်

"ဟုတ်​ကဲ့ပါ အာ့ဆို ကျမသွားပြီ​နော်​."

မီ​ယောင်းထွက်​သွားမှ သူပြင်​​ပေးခဲ့တဲ့ဆန်​ပြုတ်​ဗူး​လေးယူကာ ကုမ္ပဏီထွက်​လာခဲ့သည်​...

ကုမ္ပဏီ​ရောက်​​တော့ ဝန်​ထမ်း​တွေအခန်း​နားဖြတ်​​လျှောက်​ရင်းဆယ်​ဟွန်းကိုမသိမသာရှာမိ

သူခုံ​လေးက လူမရှိ..

မလာ​သေးတာလား?? မဟုတ်​မှ
နေများမ​ကောင်းလို့လား??

ချန်း​ယောလ်​ဖျားတဲ့တပတ်​အတွင်း
တောထဲတုန်းက ဆယ်​ဟွန်း​ပေါ်​ပြောခဲ့တာ
တွေ စိတ်​မ​ကောင်းဖြစ်​မိ​နေတာ...

အာ့တုန်း သူ့ကိုသူလည်း ဘာ​တွေ​ပြော
ခဲ့မိမှန်း တကယ်​ကိုမသိ​တော့

သူ့ကိုစိတ်​ပူတဲ့စိတ်​​တွေ​ကြောင့်​ပါ

တစ်​ခုခုဖြစ်​သွားရင်​ဆိုတဲ့အ​တွေး​တွေ
သူ့ကိုမြင်​လိုက်​ရ​တော့ စိတ်​​တွေလွတ်​ကုန်​တာ

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now