part-26

10.1K 919 156
                                    

"​မြေးချန်း စိတ်​ချမ်းသာလို့ထင်​တယ်
ဝလာလိုက်​တာ.."

"ဘွား!! စကားလမ်း​ကြောင်းမလွှဲပါနဲ့
အာ့က​လေးက ဘယ်​သူက​လေးလဲလို့!!"

ချန်း​ယောလ်​သိချင်​လွန်းလို့ မီ​ယောင်းကို
အရင်​သူ့အိမ်​ပြန်​နှင့်​ခိုင်းကာ ဘွားဆီ​နေခဲ့သည်

"​................"

"ဘွား!!!"

"​နေစမ်းပါအုံး မင်းနဲ့မဆိုင်​တဲ့သူတစ်​​ယောက်​အ​ကြောင်းကို ဘာလို့သိချင်​​နေတာလဲ??"

ချန်း​​ယောလ်​ အာ့လိုကျလည်း ငြိမ်​ကျသွားမိ
ဘွား​ပြောတာလည်းမှန်​​နေသည်​...

"ဒါမဲ့ သားသိချင်​တယ်​~"

"ဘာမှမသိချင်​နဲ့ ပြီး​တော့ ​ဆယ်​ဟွန်းကို
နာကျင်​မူ​တွေထပ်​မ​ပေးရင်​​ကောင်းမယ်​"

"ဟုတ်​~"

"ကဲ ခုဒီမှာတည်းမှာလား?? ဟိုတယ်​မှာပဲ
တည်းမှာလား??"

"ဟိုတယ်​မှာပါ.."

"အာ့ဆိုပြန်​​တော့ မိုးချူ ပ်​မယ်​ မနက်​ဖြန်​မလာနဲ့
အဘွားနယ်​ဘက်​အလုပ်​ကိစ္စရှိ​သေးလို့သွားရမယ်​...."

"ဟုတ်​ကဲ့ပါ သားလည်းမပြန်​​သေးပါဘူး."

"သွား​တော့"

ဘွားသည်​ ထပ်​​မေးလည်း​လေသာကုန်
သွားမည်​ ​ပြောမဲ့လူစားမျိုးမဟုတ်​ပါ

သူမ​ပြောပြချင်​တဲ့စကားဆိုရင်​....

ချန်း​ယောလ်​ ​ခေါင်းငိုက်​စိုက်​ချပြီး
ထွက်​သွားမယ်​လုပ်​မှ......

"​ငါမင်းကိုအခွင့်​​ရေး​ပေးခဲ့တယ်​..
ဟက်​ ဒါမဲ့ မင်းကအာ့တာကိုအသုံးမချခဲ့ဘူး"

"သား ​တောင်းပန်​ပါတယ်​~"

"မင်းနာကျင်​ခံစားရသလို ဟွန်း​ငယ်​လည်း
ထပ်​တူနာကျင်​ရတယ်​ ကျန်​တာထားပါ
အာ့တာကို​တော့ မင်းဘယ်​​တော့မှမ​မေ့နဲ့..."

ဘွားက​ပြောပြီး အခန်းထဲဝင်​သွားသည်
ချန်း​ယောလ်​ ထိုဧည့်​ခန်းထဲ အကြာကြီးရပ်​ကာ
စိတ်​​တွေလွင့်​​နေခဲ့တယ်​...

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now