part-14

7.9K 657 52
                                    

"လိုက်​ခဲ့ပါကွာ မင်းလည်းစိတ်​​ပြေလက်
ပျောက်​​ပေါ့ကွာ ​နော်​?"

"​တော်​ပါပြီ မင်​​ဆော့ ငါအပြင်​မထွက်​ချင်​ဘူး"

"မင်းဘယ်​ချိန်​ထိ ဒီလိုကြီး​နေ​နေအုံးမှာလဲ!"

မင်​​ဆော့ စိတ်​မရှည်​စွာ​အော်​မိ​တော့

"ငါဘာဖြစ်​​နေလို့လဲကွာ?"

"ဘာဖြစ်​ရမှာလဲ ချန်း​ယောလ်​ရှီ မင်းအနားကထွက်​သွားတာ ၁နှစ်​ပြည့်​​တော့မယ်

ချန်း​ယောလ်​နာမည်​ကြား​တော့ ဆယ်​ဟွန်းမျက်​ရည်​များ​ဝေ့သီလာသည်

ကျစ်​!!အာ့တာ​တွေပဲ အမြဲအခန်းကြီးထဲ ကွကိုပိတ်​​လှောင်​ပြီး​နေ​နေတာ​လေ

"သူကသာ ဟိုမှာ​အောင်​မြင်​မူ​တွေ တစ်​ခုပြီးတစ်​ခုရယူ​နေတာ ခုထိမင်းဘာလုပ်​​​နေတာလဲလို့ ငါ​ပြော​ချင်​တာ"

"ငါမှသူကို​မေ့မရတာ အချိန်​တိုင်းသတိရ​နေလို့
ငါကိုယ်​ငါလည်းစိတ်​တိုတယ်​"

"မင်း​မေ့မရတာ ငါနားလည်​ပါတယ်​ ဒါမဲ့အရင်​ကလိုတက်​တက်​ကြွကြွ ​နေစမ်းပါ ကြာရင်​မင်း​ရောဂါရလိမ့်​မယ်​"

".................."

"အန်​တီ​ရော??မင်းတွက်​ဘယ်​​လောက်​စိတ်​ပူ​နေလဲသိလား??"

"............"

"အန်​တီကိုနည်းနည်းပါးပြန်​ကြည့်​ပါအုံး"

မေ​မေ!ဆယ်​ဟွန်း​ရှေ့ အဆင်​​ပြေချင်​​ယောင်​​ဆောင်​​နေ​ပေမဲ့ သိတာ​ပေါ့ ​မေ​မေဘယ်​​လောက်​စိတ်​ဆင်းရဲ​နေတယ်​ဆိုတာ

တစ်​နှစ်​တိတိ အပြင်​မသွား အိမ်​ထဲ​အောင်း​နေတဲ့သူမသား ကျ​တော်​တွက်​ စိတ်​ထိခိုက်​​နေမယ်​ဆိုတာ သိ​ပေမဲ့လည်း

သားစိတ်​ခံစားချက်​ကိုပဲ ဦးစား​ပေးမိ​နေတာ
တောင်းပန်​ပါတယ်​ ​မေ​မေရယ်​~~

"ကဲပါ မင်​​ဆော့ရယ်​ မင်း​ခေါ်တဲ့ ​ကျောင်းသာ​ဟောင်း​တွေ့ဆုံပွဲ ငါလိုက်​ခဲ့မယ်​ ရပြီလား??"

ဆယ်​ဟွန်း ထိုသို့​ပြောကာ အိပ်​ယာ​ပေါ်လှဲချကာ ​ခေါင်းမြှီးခြုံပြီး တိတ်​ဆိတ်​​နေလိုက်​သည်

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now