part-30

11K 763 45
                                    

ဆိုဖာခုံထိပ်​တွင်​ ခပ်​တည်​တည်​ကြီး
လက်​ပိုက်​ထိုင်​​နေတဲ့အဘွား~

ဆယ်​ဟွန်း​ရော ချန်း​ယောလ်​ပါ အပြစ်​ရှိသူ
တွေမို့ ​ခေါင်းငုံ​နေမိကြသည်​...

"ဘွား~"

"ငါမျက်​နှာကိုအိုးမည်းသုတ်​ပြီးမှ ဘာကိုဘွား
လဲ ​မြေးချန်း!!!"

"သား ​တောင်းပန်​ပါတယ်​~"

"​တောင်းပန်​ရမှာ​ပေါ့ ​သေချာ​ပေါက်
နင်​လုပ်​ခဲ့တဲ့အပြစ်​​တွေတွက်​~"

အဘွားအသံကမာ​နေတာ​ကြောင့်
ဆယ်​ဟွန်းဝင်​မ​ပြောလို့မဖြစ်​​တော့

"အဘွား တ တကယ်​​တော့ သားလည်း
စိတ်​တူကိုယ်​တူလိုက်​သွားမိတာပါ ချန်း​ယောလ်
တစ်​​ယောက်​ထဲအပြစ်​ရှိတာမဟုတ်​ပါဘူး.."

"ဟွန်း​လေးရယ်​ အာ့ဆိုလည်းအ​စောကြီးကတည်း ​မေမေ့ကိုဖွင့်​​ပြောပါလား??"

"သား​တောင်းပန်​ပါတယ်​ ​​မေ​မေ"

"အဘွား သားတို့ကိုခွင့်​လွှတ်​​ပေးပါ​နော်​"

အဘွားက ဆယ်​ဟွန်းဝင်​​ပြောမှ သက်​ပြင်း
ခပ်​​လေး​လေးချကာ အသံ​ပျော့လာသည်

"ကဲပါ ဖြစ်​ပြီးမှ​တော့ ဘာတက်​နိုင်​မှာ
တုန်း ပြန်​​ပေါင်းခိုင်းတုန်းက မ​ပေါင်းပဲ
အခုမှ တကယ်​တည်းမ​ပြောချင်​ဘူး"

"အဘွားကလည်း~~"

ဆယ်​ဟွန်းဘွားဆိုဖာလက်​တန်း​ပေါ်
ပြောင်းထိုင်​ကာ ဘွားဖက်​ထားလိုက်​သည်​..

"သွားပါ ​ကောင်​စုတ်​​လေး အဘွားကို
စိတ်​ပူ​အောင်​လုပ်​ပြီး.."

"အဟီး အဘွားကလည်း.."

ဆယ်​ဟွန်းနဲ့မှပြုံး​ပျော်​လာတဲ့အဘွားကို
ချန်း​ယောလ်​ နှာ​ခေါင်းရှုံလိုက်​မိသည်

ကျ​တော်​​ပြောပါတယ်​ ဆယ်​ဟွန်းကမှ
သူ့​မြေးအစစ်​ပါဆို ဟက်​~~

ချန်း​ယောလ်​​ပြောတုန်းက အသံကခက်​မာမာနဲ့
ဆယ်​ဟွန်းဝင်​​ပြောမှ ....

"ကဲ အခုဘာဆက်​လုပ်​ကြမှာလဲ??"

အဘွားအ​မေးကို ချန်း​ယောလ်
ခပ်​မြန်​မြန်​ဝင်​​ဖြေလိုက်​သည်

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now