part-16

7.7K 636 41
                                    

"ဟဲ့ မနက်​ဖြန်​ ဥက္ကဌပတ်​ပြန်​လာ​တော့မယ်​တဲ့"

"​အေး ငါကြားတယ်​ သူက​အရမ်း​ချောတယ်​တဲ့
အဟိ ရင်​ခုန်​လိုက်​တာ"

"ပြီး​တော့ ငါကြားတာတစ်​ခုရှိ​သေးတယ်
ဟုတ်​လား​တော့မသိဘူး​နော်​"

"ဘာလား??"

"သူကအရင်​ အိမ်​​ထောင်​ကျဖူးတယ်​ဆို"

"အမ်​!!ဟုတ်​လား??"

"​အေးဆို ခုက ​ပြောရရင်​တစ်​ခုလပ်​​ပေါ့ဟယ်​"

"သူအိမ်​​ထောင်​က​သေသွားလို့လား??"

"မဟုတ်​ဘူး ကွဲသွားတာလို့ကြားတာပဲ
ဘာလို့လဲ​တော့မသိဘူး​အေ့"

ဝန်​ထမ်း​ကောင်​မ​လေးနှစ်​​ယောက်​ တိုးတိုး​ပြော​နေတာ တံခါးအကွယ်​က​နေ ဆယ်​ဟွန်းရပ်​နား​ထောင်​​နေမိသည်

ဒီမှာဝင်​လုပ်​တာ ဘွား​မြေး ​မေ​မေသားမှန်းဘယ်​သူမှမသိကြဘူး

ဒီတိုင်းသာမန်​လူတစ်​​ယောက်​အ​နေနဲ့ပဲ​လေ

မ​နေ့ညကဘွားဖုန်းဆက်​တယ်​ မနက်​ဖြန်
သူပြန်​​လာ​တော့မယ်​တဲ့​လေ

ကျ​တော်​အရမ်းရင်​ခုန်​​နေတယ်

အရမ်းလည်း​မျှော်​လင့်​ထားတယ်​ တကယ်​လို့သူလက်​မခံခဲ့ရင်​​တောင်

ကျ​တော်​ကြိုးစားပြီး သူ့ဆီက ကျ​တော်​အပိုင်
သူ့အချစ်​​တွေကိုပြန်​ယူမှာပါ

"ငါမင်းကိုအရမ်း​တွေ့ချင်​​နေပြီ ချန်း​ယောလ်​ရယ်

.......................

တီ~~~တီ~~

ဖုန်းကနှိုးစက်​သံ​ကြားတာနဲ့ ဆယ်​ဟွန်း​ငေါက်​ခနဲထထိုင်​လိုက်​မိတယ်

အိပ်​ချင်​​နေ​သေးတဲ့မျက်​လုံးအစုံကိုအတင်းပြူးပြဲကာပွတ်​သပ်​လိုက်​မိသည်

"အဟိ ​နေ့လယ်​ကျရင်​ သူကို​တွေ့ရ​တော့မယ်​"

ဆယ်​ဟွန်း ခုန်​​နေတဲ့ရင်​ဘတ်​ကိုဖိကာ
အသက်​ကိုတဝကြီးရှုလိုက်​မိ

"ဟာ~~​မေ့​နေတာ ဒီလိုလုပ်​လို့မဖြစ်​ပါဘူး
နောက်​ကျ​တော့မယ်​"

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now