part-25

9.5K 835 174
                                    

"ဟူးးး ပင်​ပန်းလိုက်​တာ.."

ဆယ်​ဟွန်းနဲ့ပတ်​သတ်​လို့ ဘာကိုမှသတိမရချင်​တာ​ကြောင့်​ အလုပ်​ထဲ​ခေါင်းနစ်​​နေခဲ့သည်​မှာ
တပတ်​တိတိ....

သူ့အိမ်​​ရှေ့​နေ့တိုင်း ၆လတိတိ အရူးလို
သွား​စောင့်​​နေခဲ့ရတာ

နောက်​​သေချာပြန်​စဉ်းစားလိုက်​​တော့ ကျ​တော်​အလိုကျသူထွက်​သွားတာပဲဟာ...

ကျ​တော်​ဒီလိုလုပ်​မ​နေသင့်​ပါ...

မီ​ယောင်းကိုလည်းအားနာရ​အုံးမည်
ကျ​တော်​အ​ပေါ် တကယ်​​ကောင်းတဲ့
သူမအ​ပေါ်ကို​လေ.....

ခုလည်းထိုအိမ်​​ရှေ့ကိုသွားမ​စောင့်​ပဲ
အလုပ်​ထဲမှာသာ​ခေါင်းနစ်​​နေလိုက်​တယ်​...

ဒေါက်​....​ဒေါက်​...

"ဝင်​ခဲ့ပါ.."

"ချန်း~"

"ဟာ မီ​ယောင်း လာ​လေ ~"

သူ့​ဆွေမျိုး​တွေနယ်​ဘက်​သွားတာ ၃ရက်
ရှိပြီ​လေ ခုမှပြန်​​ရောက်​ပုံ​ရပါတယ်​...

"အလုပ်​​တွေရှုပ်​​နေတယ်​ဆို.."

"အင်း ဒီတိုင်းပါပဲ ......ဒါနဲ့ နှစ်​ပတ်​​လောက်
နေမှပြန်​လာမယ်​ဆိုပြီးဘယ်​လိုဖြစ်​လို့.....

"ေ​ဖ​ဖေလှမ်း​ခေါ်လို့​လေ တရုတ်​ကို~ခဏလာခဲ့ပါအုံးတဲ့..အ​ရေးကြီးကိစ္စရှိတယ်​​ပြောတာပဲ"

"ဟုတ်​လား ဘယ်​​နေ့သွားမှာလဲ??"

"မနက်​ဖြန်​ အာ့တာ ချန်း​ရောစိတ်​​ပြေ
လက်​​ပျောက်​လိုက်​ခဲ့ပါ့လား??"

မျက်​ရည်​စများနှင့်​​နောက်​ဆုံး​တွေ့လိုက်​ရတဲ့
ဘွားကိုရင်​မဆိုင်​ရဲ​သေးဘူး....

"ချန်း~ ဘွားကို​သေချာ​တောင်းပန်​လိုက်​ရင်
နားလည်​မှာပါ..."

သူ​ပြောတာလဲဟုတ်​ပါတယ်​ ဒီတိုင်း​နေလို့မှ
မဖြစ်​တာ....ခု​တောင်​ဘွားကို​နေ့တိုင်း
ဖုန်းဆက်​တာ စကားဟုတ်​တိပတ်​တိမ​ပြောဘူး...

ဒီ၆လအတွင်း ဘွားကတစ်​​ခေါက်​မှပြန်​မလာ
သလို ဖုန်းလည်းလုံးဝသူ့ဘက်​က​နေ
စမဆက်​ပါ...

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now