part-4

9.4K 647 53
                                    

ဆယ်​ဟွန်း ကားနဲ့အိမ်​ကို​ဒေါသတကြီးပြန်​လာသည်​ သူ့ကားကို ​သေချာတမင်​ယူလာခဲ့တာ

"ငါကိုများ လူကြားထဲလာ​အော်​​နေတယ်​"

ဆယ်​ဟွန်းအင်္ကျီ​တွေချွတ်​လိုက်​ကာ ​ရေချိုးလိုက်​တယ်​ အရက်​နံ​တွေစွဲ​နေသလိုပဲ

ရေချိုးပြီးတဲ့ထိ ​ဒေါသကမ​ပြေ စိတ်​ထဲတနုံနုံနဲ့
ဆယ်​ဟွန်းအ​မေ​တောင်​ အာ့လိုမ​အော်​ခဲ့ဘူး

ဆယ်​ဟွန်းစဉ်းစား​နေတုန်း ဖုန်းမြည်​လာသည်​​မို့ကြည့်​လိုက်​​တော့ အဘွား

စိတ်​မကြည်​​ပေမဲ့လည်း မကိုင်​လို့မဖြစ်
အာ့​ကြောင့်​ စိတ်​​လျော့ကာ

📱"ဟဲလို ဘွား ​မြေးပါ ဟွန်း​လေး"

"​အေး သား​လေးပါတီကပြန်​လာပြီလား??"

ဆယ်​ဟွန်းခဏ​တော့တိတ်​ဆိတ်​သွားမိသည်
အ​ကြောင်းသိတဲ့ အဘွားက

"ဘာလဲ စိတ်​ဆိုးပြီးပြန်​လာတာလား??"

"မ မဟုတ်​ပါဘူးအဘွား သားမ​နေတက်​လို့အရင်​ပြန်​လာနှင့်​တာပါ"

"တကယ်​ဟုတ်​ရဲ့လား??ဟွန်း​လေး"

"အတည်​ပါအဘွားရဲ့ ဒါနဲ့ ဘယ်​​တော့ပြန်​လာမှာလဲဟင်​??"

ဆယ်​ဟွန်း စကားလမ်း​ကြောင်းလွှဲပစ်​လိုက်​တယ်​ ဘွားကိုစိတ်​မညစ်​​စေချင်​လို့ပါ

"အင်း အဘွား ​နောက်​ထပ်​တစ်​လ​လောက်​​နေပြီးရင်​ ပြန်​လာမယ်​ ဘာဝယ်​ခဲ့ရအုံးမလဲ?"

"ဟင့်​အင်း ဘွားသာမြန်​မြန်​ပြန်​လာပါ "

"ဟုတ်​ပါပြီ ချန်း​လေးဆိုးရင်​ ဘွားကို​ပြော​နော်​ ​ကောင်း​ကောင်းဆုံးမ​ပေးမယ်​"

"ဟုတ်​ကဲ့ဘွား"

"အာ့ဆို ဖုန်းချလိုက်​​တော့မယ်​ အိပ်​​တော့​နော်​"

"ဟုတ်​ကဲ့ ​ကောင်း​သောညပါဘွား" 📱

ဆယ်​ဟွန်းဖုန်းချကာ အိပ်​ယာ​ပေါ်လှဲချလိုက်​ပြီးမျက်​စိမှိတ်​ထားလိုက်​သည်

ဆယ်​ဟွန်းစဉ်းစားထားတဲ့ အိမ်​​ထောင်​​ရေးက
သူ့ကိုမချစ်​သလို ပတ်​လည်​မပတ်​သက်​ချင်

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now