part-32

10.2K 645 44
                                    

"လာ မင်​​ဆော့ ထိုင်​~မင်းလည်း​နော်
လာမယ်​​ပြောပြီး ခုမှ​ပေါ်လာ​တော့တယ်​"

"ငါကြားထဲ ဦး​လေး​နေမ​ကောင်းလို့
နယ်​ဘက်​ခဏပြန်​​နေလို့ကွ!"

"​အေးပါကွာ ViVi​ရော?"

"​ရော့~"

"အားဂူးးး ​ဖေ့သား​လေး အားဂူး
အားဂူး ထွားလာလိုက်​တာ"

ViViသည်​​ ဆယ်​ဟွန်း​နောက်​ဆုံး​တွေ့သလို
သေး​သေး​လေးမဟုတ်​​တော့ပဲ ဝတုတ်​ကာ
အ​ကောင်ကြီးကြီးဖြစ်​​နေပြီ....

"ကြည့်​စမ်း! မင်းကိုမှတ်​မိ​နေတာလားပဲ
မစိမ်းဘူး​နော်​~"

"ဟုတ်​တယ်​​နော်​~"

ဆယ်​ဟွန်း​ပေါင်​​ပေါ်​ခွေ​ခွေ​လေးအိပ်​​နေတဲ့
အချစ်​တုံး​လေး..

"ဒါနဲ့ ချန်း​ယောလ်​​ရော?"

"အိပ်​တုန်း အလုပ်​ပိတ်​ရက်​​လေကွာ~"

မင်​​ဆော့ ​အော်​ဆိုတဲ့မျက်​နှာမျိုးဖြင့်​~

"ငါမင်းလာမယ်​သိလို့ ဟင်း​တွေ
အ​စောကြီးထချက်​ထားတယ်​"

"ဟုတ်​လား ဗိုက်​​ပေါက်​ထွက်​ရချည့်​ရဲ့"

ဆယ်​ဟွန်းတို့စကား​ပြော​နေတုန်း
ချန်း​ယောလ်​အ​ပေါ်တက်​က​နေဆင်းလာသည်

"ဟာ မင်​​ဆော့ရှီ​ရောက်​​နေတယ်​~"

ပြော​ပြောဆိုဆို ဆယ်​ဟွန်းရင်​ခွင်​ထဲ
တိုးဝင်​လာတယ်​..

"ရ!! ချန်း​ယောလ်​ မင်​​ဆော့ရှိ​နေတာကို"

ဆယ်​ဟွန်းရှက်​တယ်​~

"ဘာဖြစ်​လဲ တစိမ်းလူမှမဟုတ်​တာ~"

"​အေး​လေ ဆယ်​ဟွန်းကလည်း
ချန်း​ယောလ်​ရှီ ဘာမှအားမနာနဲ့"

မင်​​ဆော့တစ်​​ယောက်​ပြုံးစိစိနဲ့...
ဂျပု​ကောင်​​တော့လား~

"ဒီ​ခွေးက?"

"​အော်​ ဒါအရင်​ကငါ​မွေးထား​တာ
တရုတ်​​ပြောင်း​တော့ မင်​​ဆော့ဆီ​ပေးခဲ့တာ
အခုပြန်​ယူတာ​လေ~"

"အာ~ဆယ်​ဟွန်းကလည်း.ရှုပ်​ရှုပ်​ရှပ်​ရှပ်​ကွာ"

"ဟာ!! သူ့ဘာသာသူ​နေမှာကို
ဘာရှုပ်​တာတုန်း~"

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now