part-17

7.9K 691 66
                                    

ကျလိ ~~ကျလိ~~

ခေါင်းရင်းအပင်​​ပေါ်က ငှက်​သံ​လေး​တွေအရမ်းဆူ​နေ​တော့ ဆယ်​ဟွန်း ဆက်​အိပ်​မရပဲ
နိုးလာခဲ့တယ်

ဟင်း~~~

နိုးနိုးခြင်း သက်​ပြင်းရှည်​တစ်​ခုချလိုက်​မိသည်

မ​နေ့ညက ချန်း​ယောလ်​တစ်​​ယောက်​ ဆယ်​ဟွန်းပါတဲ့ ထမင်းစားဝိုင်းကိုလုံးဝဆင်းမစားခဲ့ဘူး

ဒါနဲ့ဆယ်​ဟွန်းအရင်​အိမ်​ပြန်​ခဲ့ရတယ်​ ​မေ​မေကိုဖုန်းဆက်​ပြီး​မေး​တော့ သားပြန်​သွားတာသိမှဆင်းလာပြီးစားတယ်​တဲ့​လေ

"​ခေါင်းမာလိုက်​တာ ဟက်​"

ဆယ်​ဟွန်းပြုံးရီလိုက်​ပြီး အရင်​သူ့အိပ်​ခဲ့တဲ့ ​ဘေးက​ခေါင်း​အုံးလေးကိုပွတ်​သပ်​လိုက်​သည်

သူ့စကား​တွေ​ကြောင့်​ ဆယ်​ဟွန်းမ​နေ့ညကအ​တော်​နဲ့အိပ်​မ​ပျော်​ပဲ ငိုခဲ့ရတယ်

ခုမှအစပဲရှိ​သေးတာကို အိုဆယ်​ဟွန်းရယ်​~

ဆယ်​ဟွန်းအ​တွေး​တွေလက်​စဖြတ်​ကာ ရုံးသွားရန်​အမြန်​ပြင်​ဆင်​လိုက်​သည်

ViViက​တော့ သူ့အိမ်​​လေးထဲမှာအိပ်​​မောကျလျက်​ သူ့တွက်အစာခွက်​ထဲ အစာထည့်​​ပေးပြီး ထွက်​လာခဲ့လိုက်​သည်

မနက်​စာက​တော့ ​သူ့ကြိုက်​တက်​တဲ့​ကော်​ဖီနဲ့​ပေါင်​မုန့်​တစ်​လုံးကိုသာ ​နေ့တိုင်းနီးပါးစားဖြစ်​ခဲ့တယ်​......

တီ~~တီ~~

Bus​စောင့်​​နေတုန်း ဖုန်းဝင်​လာတယ်

ကင်​မင်​​ဆော့?

📱"​ပြော ​ပေါက်​စီ​ကောင်​!"

"မင်း အ​ခြေ​နေသိချင်​လို့လှမ်းဆက်​တာ​လေ"

"​ကောင်​စုတ်​ သိပ်​စသုံးလုံးတယ်​ မင်းအ​ဖေအဆင်​​ပြေလို့ ဘာမှစိတ်​မပူနဲ့"

ဆယ်​ဟွန်း လွတ်​လပ်​​ပေါ့ပါးစွာ​ပြော​တော့
မင်​​ဆော့ စိတ်​ချဟန်​ဖြင့်​ အဆဲ​ပေါင်းစုံနဲ့ဖုန်းချသွားသည်

ဆယ်​ဟွန်းရီ​မောရင်း busကားလာလို့စီးကာ
ရုံးကိုသွားခဲ့လိုက်​တယ်

မာနတို့ဖြင့်​~လှပခဲ့​သော~အချစ်​ [Completed]Where stories live. Discover now