(( 1 ))

26.6K 1.1K 66
                                    

Unicode

နွေဦးအလွန် နွေရာသီမရောက်တရောက်ကာလချိန်ခါလေးတွင် လေရူးတို့ကတဖြူးဖြူး။ ချစ်သူသိပ်မြတ်နိုးတဲ့ချယ်ရီတွေလည်း အရောင်အသွေးအစုံအလင်ဖြင့်ဝေဝေမြိုင်မြိုင်ဖြင့် ပွင့်နေကြပြီဖြစ်သည်။

ထိုသို့လှပေသော နွေဦးရာသီလေးရဲ့မင်္ဂလာရှိသောနေ့လေးတစ်နေ့။

နှစ်ဖက်မိဘတွေသာမက ဆွေမျိုးအသိုင်းအဝိုင်းတွေရော သူငယ်ချင်းမိတ်ဆွေတွေကပါချစ်ခင်ကြည်ဖြူကြခဲ့သည့်ကောင်လေးနှစ်ယောက်ရဲ့ လက်ထပ်ပွဲကျင်းပရာနေ့။

တစ်ယောက်ကိုသိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်။ Churchကျောင်းပရံဝဏ်ရှေ့လေးမှာပဲ ခင်ရာမင်ရာမိတ်အချို့နှင့်မိသားစုဝင်တွေဖြင့်သာကျင်းပဖြစ်သည်။

ချယ်ရီပန်းတွေသိပ်မြတ်နိုးတဲ့ သတို့သားငယ်လေးအတွက်Churchကျောင်းခပ်လှမ်းလှမ်းမှာပေါက်နေသည့်ချယ်ရီပင်ကြီးမှ ပွင့်ဖတ်တို့ဟာလှပစွာလွင့်စင်ပေးလျက်ရှိနေပြန်သည်။

'Jeon Jungkook & Kim Taehyung'

လက်ထပ်ပွဲလေးစတင်ချိန်မှာတော့ Jungkookကဖာသာရှေ့တွင်အဆင်သင့်နေရာယူပြီးလျက် လျှောက်လမ်းပေါ်မှသူ့ဆီသို့ရောက်လာမည့်နှလုံးသားငယ်ကလေးကိုရင်ခုန်စွာစောင့်မျှော်သည်။

ချိုမြိန်သောစန္ဒယားသံလေးစတင်ပေါ်ထွက်လာချိန်တွင် အစ်ကိုဖြစ်သူNamjoon hyungရဲ့လက်မောင်းလေးကိုချိတ်ကာသူ့ဆီသို့လျှောက်လာပြီဖြစ်သည့်Tae...

သတို့သားဝတ်စုံဖြူဖြူကလေးနှင့် နေရောင်အောက်တွင်ချောမောကျော့်ရှင်းနေသည့်သူ့ရဲ့Tae။ ခြေလှမ်းတစ်လှမ်းချင်းစီဟာ မနှေးမမြန်လေးဖြင့် သူ့ဆီလျှောက်လမ်းလာပုံဟာ ဗျိုင်းငှက်ဖြူကလေးကနေသလိုပင်။

အနားသို့ရောက်လာတော့ ကလေးငယ်ကစိတ်လှုပ်ရှားစွာသူ့အားကြည့်လာသည်။ Namjoon hyungကသူ့လက်ထဲသို့ Taeလက်ကလေးကိုအသာထည့်ပေးကာ

"စိတ်ချမယ်နော်Jungkook ... ငါတို့အငယ်လေး မျက်ရည်တစ်စက်ကျရင်မင်းကိုငါကိုယ်တိုင်သတ်မှာ သိတယ်နော်"

Namjoonရဲ့ စနောက်သလိုပြောဆိုလာသည့်ခြိမ်းခြောက်စကားသံကို သူသဘောကျစွာပြုံးလိုက်ရင်းTaehyungလက်လေးတွေကိုဆုပ်ကိုင်သည်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now