(( 12 ))

5.6K 673 44
                                    

Unicode

"ရား Kim Taehyungမင်းနေလဲမကောင်းသေးပဲနဲ့ကွာ။ ဒီတခေါက်တော့နားလိုက်ပါလား မင်းကြည့်ရတာဖြူဖျော့ဖျော့နဲ့ ကျစ်"

ခေါင်းမာစွာဖြင့်လေ့ကျင့်ဖို့ ပြင်နေသည့် TaehyungကိုYeonjunကဘေးကနေ မနိုင်ဘူးဆိုသည့်ပုံဖြင့်စိတ်ပျက်စွားညည်းညူးသည်။

လူကဖြင့်နေကောင်းသေးတာမဟုတ်။ ဒီနေ့လဲtrainingရှိလို့ Namjoon hyungမသိအောင်အိမ်ကနေခိုးထွက်လာသည်တဲ့လေ။

ထိုစဉ်လီမွန်တီးခွက်လေးဆွဲကာ သူတို့အနားရောက်လာသည့်Sunghoon။

"Taehyung ahရော့ မင်းအတွက်တဲ့"

"ဟမ် ငါမမှာထားဘူး ဘယ်သူပေးတာလဲ?"

"မသိဘူး ငါကမင်းမှာထားတာထင်လို့အပေါက်ဝမှာDeliveryသမားတွေ့လို့လမ်းကြုံယူလာပေးတာ"

Taehyungလဲအူတူတူနဲ့ထိုဖျော်ရည်ခွက်လေးလှမ်းယူလိုက်ရသည်။ ထိုအခါဘေးကYeonjunကမဲ့ရွဲ့ပြီး

"မင်းဘဲကြီးပို့ပေးလိုက်တာနေမှာပေါ့"

Yeonjunကပြောတော့ Taehyungကပြုံးစိစိလေးဖြစ်သွားကာ

"ဟုတ်လောက်လား?? အဟီး ကိုကိုကငါ့ကိုဖုန်းလဲဆက်မပြောထားတော့မသိဘူး"

"ခဏနေအုံး လီမွန်တီးဆိုတော့ပျားရည်ပါလားမသိဘူး"

Yeonjunကသတိပေးတုန်းရှိသေးတယ်။ ပြောရင်းနှင့်ပင် သူ့ကိုကိုပို့ပေးလိုက်တယ်ဆိုပြီး တဂွတ်ဂွတ်နဲ့သောက်ချလိုက်တော့သည်။

"မပါလောက်ပါဘူး ကိုကိုကငါပျားရည်နဲ့မတည့်တာသိတယ်"

"ကဲကဲ Solo Teamစမယ် ဟောထဲလူစုမယ်"

ထို့နောက်နည်းပြခေါ်သံကြောင့် Taehyungလည်းဟောထဲသို့အမြန်သွားရတော့သည်။ Rehearsal trainingမလို့တစ်ယောက်စီ အလှည့်ကျဖျော်ဖြေပြရသည်။

"ဟဲ့ Kim Taehyungကပျားရည်နဲ့မတည့်တာဟုတ်ရောဟုတ်ရဲ့လား?"

Soriအကြောလျှော့လေ့ကျင့်ခန်းလုပ်လိုက်ရင်း သူ့ဘေးနားကသူငယ်ချင်းကောင်မလေးကိုခပ်တိုးတိုးလှမ်းမေးလိုက်သည်။

"သေချာတယ်လို့ ငါဟိုနေ့ကChoi Yeonjunပြောတာနားနဲ့ဆတ်ဆတ်ကြားခဲ့တာပါဆို"

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now