(( 35 ))

9.8K 719 43
                                    

Unicode

ပြတင်းပေါက်ခန်းဆီးလိုက်ကာကနေတဆင့်တိုးဝင်လာသည့်အလင်းရောင်စူးစူးတို့ကြောင့်
အရင်ဆုံးမျက်လုံးပွင့်လာသူကားJungkook
ဖြစ်သည်။

သူ့ရင်ခွင်ထဲမျက်နှာလေးအပ်ကာနှစ်ခြိုက်စွာအိပ်ပျော်နေဆဲဘေဘီ့ကိုမနိုးအောင် လက်ကလေးဖြင့်နေရောင်ခြည်ကိုကာပေးထားလိုက်မိသည်။ ဒီအတောအတွင်းကလေးငယ် ကောင်းကောင်းအိပ်မပျော်ခဲ့ရတာကြာပြီမဟုတ်ပါလား။

ဟိုတစ်ရက်ကဘေဘီသတိလစ်သွားတဲ့နေ့ကဆို Namjoon hyungအပါအဝင်သူတို့အားလုံးဘယ်လောက်တုန်လှုပ်ခဲ့ရသလဲ? ဘေဘီဟာလွန်ခဲ့တဲ့လအနည်းငယ်ကစလို့ စိတ်ကျရောဂါအသေးစားခံစားနေခဲ့ရပြီး စိတ်ရောဂါအထူးကုနဲ့တစ်ပတ်တစ်ကြိမ်ပြခဲ့ရသည်ဟုဒရိုင်ဘာဆုန်းပြောပြလာမှသူတို့အားလုံးသိခဲ့ရသည်။

Namjoon hyungဆိုထိုနေ့ကအဲ့အကြောင်းကြားကြားချင်း သတိမေ့မြောနေသည့်သူ့ညီလေးနားတွင်မျက်ရည်တွေမဆည်နိုင်အောင်ငိုနေခဲ့သည်မြင်ကွင်းကို သူမျက်လုံးထဲကမထွက်သေး။ သူ့ညီအဲ့လိုခံစားနေရတာတောင်သူမသိခဲ့ရဘူးဆိုပြီး ကိုယ်ကိုကိုယ်ဘယ်လောက်တောင်အပြစ်တင်နေခဲ့လဲဆိုတာ မြင်နေရသည့်ကိုယ်တောင်မခံစားနိုင်ခဲဲ့။

ထိုနေ့ကအဖြစ်အပျက်တွေပြီကတည်းက ဘေဘီလည်းစိတ်တွေနည်းနည်းပြန်ငြိမ်လာပြီး တွေ့နေလက်စအထူးကုနဲ့ပဲဆက်ပြီးဘေဘီ့စိတ်ပိုပိုကောင်းမွန်လာဖို့တစ်ပတ်တစ်ကြိမ်တွေ့ဖို့စီစဉ်ပေးထားရသည်။

ထိုနေ့ကဘေဘီသတိလစ်နေတုန်းဆရာဝန်ရှင်းပြခဲ့သည့်စကားတွေကို သူ့နားထဲကမထွက်နိုင်သေး။

"လူနာကိုစကိတ်စီးဖို့ဇွတ်တွန်းအားမပေးစေချင်ဘူး သူဒီအတောအတွင်းခံစားနေခဲ့ရတဲ့စိတ်ကျရောဂါကဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့အများကြီးသက်ဆိုင်နေတာမလို့ သူ့ရည်မှန်းချက်ဖြစ်တဲ့စကိတ်ကသူ့ဘဝအတွက်traumaလိုဖြစ်သွားခဲ့တာ...အဓိကကတော့လူနာကစကိတ်စီးတာနဲ့ပက်သက်ပြီးကလေးကိုရောသူ့အမျိုးသားကိုပါဆုံးရှုံးသွားတယ်ဆိုပြီးသူ့စိတ်မှာစွဲနေတော့ စကိတ်ထပ်စီးရင်သူထပ်ပြီးဒီလိုတွေကြုံတွေ့ရအုံးမှာပဲဆိုပြီးသူ့မသိစိတ်မှာပုံသေမှတ်သွားတော့တာ...."

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now