Unicode
ခန်းဆီးကနေတိုးဝင်လာသည့် နေရောင်ခြည်ကြောင့်မျက်လုံးတွေစူးလာတာကြောင့်ဆက်အိပ်လို့မဖြစ်တော့။
လူကနေလို့သိပ်မကောင်း။ ဒီအတောအတွင်းအလုပ်တွေချည်းဖိလုပ်ထားမိလို့ထင်သည် မနေ့ညကလည်းကောင်းကောင်းအိပ်မပျော်တာနဲ့ ဒီနေ့တော့အကုန်စုပေါင်းပြီးဖျားပြီထင်သည်။
တစ်ယောက်တည်းနေတာကြောင့် ရေမိုးထချိုးကော်ဖီတစ်ခွက်နဲ့ပေါင်မုန့်တချပ်ကိုဖြစ်သလိုစားလိုက်ရင်းဆေးသောက်ကာပြန်အိပ်ဖို့ပြင်လိုက်သည်။
စိတ်ပင်ပန်းခဲ့တာတွေနဲ့ ဒီလတွေအတွင်းတစ်ရက်လေးတောင်အနားမယူရသေး။ ဒီနေ့တော့ဘာမှလဲလုပ်ချင်ကိုင်ချင်စိတ်မရှိ။
ဘယ်သူနှင့်မှလည်းအဆက်အသွယ်မလုပ်ဖြစ်တော့သလို တွေ့လည်းမတွေ့ဖြစ်တော့။ အယုတ်စွဆုံးမိဘတွေအိမ်ပြန်ပြီးမိဘတွေနဲ့မတွေ့ဖြစ်တာတောင် ကွာရှင်းပြီးကတည်းကဖြစ်သည်။
ဘယ်မိတ်ဆွေသူငယ်ချင်းနဲ့မှလည်း အဆက်အဆံမရှိ။ ဘာကြောင့်မှန်းလဲသူမသိ။ ဘာမှကိုလုပ်ချင်စိတ်မရှိတော့တာဖြစ်သည်။ သူနေနေတဲ့ဘဝကြီးကတစ်နေ့တစ်နေ့အဓိပ္ပာယ်မရှိတော့။ ဒါပေမဲ့သူမေ့ထားတယ် ဘာလို့သူဒီလိုအဆင်မပြေဖြစ်နေရတယ်ဆိုတဲ့အကြောင်းကို။
ဖုန်းတောင်အသစ်ဝယ်ပြီးကဒ်အသစ်နဲ့အလုပ်ကိစ္စလောက်ပဲသုံးဖြစ်တော့တာ။ ဖုန်းဆိုမှလွန်ခဲ့တဲ့တပတ်လောက်ကJiminဆီကoversea callတွေရောmailတွေရော အများကြီးဝင်ထားတာတွေ့ပေမဲ့သူပြန်မခေါ်ဖြစ်။
အလုပ်ရှုပ်တာရော စိတ်ရှုပ်တာရောကြောင့်Jiminနဲ့တောင်အဆက်အသွယ်မရှိတော့။
ညနေပိုင်းရောက်တော့သူပြန်နိုးလာသည်။ အဖျားလဲမရှိတော့။ အရင်လိုလည်းချက်ပြုတ်မစားဖြစ်တော့တာကြောင့် အိမ်မှာလည်းခေါက်ဆွဲထုတ်တွေခေါက်ဆွဲဘူးတွေကအပြည့်။
ခေါက်ဆွဲတစ်ဘူးကိုပြုတ်စားပြီး ဘာမှလုပ်စရာမရှိတာကြောင့်မနေ့ကမပျက်သေးတဲ့အလုပ်တွေကိုသာဆက်လုပ်နေလိုက်သည်။
တစ်နေ့တစ်နေ့ဒီလိုပဲနိုးလာလိုက် အလုပ်လုပ်လိုက်နဲ့ကုန်ဆုံးနေရတာ စဉ်းစားကြည့်ရင်အဓိပ္ပာယ်တော့မရှိ။ ဒါပေမဲ့ပျော်စရာအကြောင်းလဲမရှိတော့ပါဘူးလေ။
YOU ARE READING
"𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}
Fanfiction"ကိုယ်သာTaeကိုနည်းနည်းလေးလောက် ပိုနားလည်ပေးခဲ့ရင်..." -Jeon Jungkook "ကျွန်တော်သာအရာအားလုံးထက် ကိုကို့ကိုပိုပြီးဦးစားပေးခဲ့မယ်ဆိုရင်..." -Kim Taehyung ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိတော့တဲ့နောင်တတရားတွေကနေ ကိုယ်တို့တွေကင်းလွတ်ခဲ့ကြမယ်ထင်တယ...