(( 34 ))

9.4K 768 74
                                    

Unicode

ဘယ်သူ့ဖက်ကမှစမနှုတ်ဆက်ကြသလို နှုတ်ဆက်ရမည့်ဆက်ဆံရေးရှိကြသူတွေလဲမဟုတ်တော့ထိုအခြေအနေတိုင်းပဲဘယ်လောက်ကြာအောင်ရပ်နေမိကြမှန်းမသိ။

"Yeo..Yeonjun ah ပြန် ..ပြန်ရအောင်။ ငါနားချင်ပြီ"

"ဟင် အင်း အင်းပြန်ကြတာပေါ့"

ရုတ်တရက်ဘေးကနေသူ့လက်မောင်းလေးကိုဆွဲကာထွက်လာသည့်အသံတိုးတိုးလေးကြောင့် သူလည်းအသိဝင်ကာချက်ချင်းပင်ပျော့ခွေအားနည်းနေပုံရသည့်Taehyungကိုတွဲပြီး ထိုနေရာကနေထွက်လာခဲ့လိုက်တော့သည်။

ကားပေါ်ရောက်သည်အထိငြိမ်သက်ကာ ဘာစကားမှမပြောတော့သည့်Taehyungကြောင့် Yeonjunမှာလည်းကားမောင်းရင်းလှည့်ကြည့်လှည့်ကြည့်နှင့် စိုးရိမ်နေရသည်။

"Taehyung ahမင်းအဆင်ပြေရဲ့လား?? ဘာဖြစ်နေတာလဲ??"

"ဟင်...အင်း ဘာမှမဖြစ်ပါဘူး"

"ထူးဆန်းတယ် Song Soriကပြိုင်ပွဲကနေထွက်သွားခဲ့တာလပ်ထပ်ဖို့လား??"

Yeonjunကသူ့ဘာသာတစ်ယောက်တည်းရေရွတ်သလိုလိုနှင့်ပြောလာသည်ကို Taehyungကဘေးကနေတိတ်တိတ်ကလေးနားထောင်နေမိသည်။

"မဟုတ်လောက်ဘူးထင်တယ်...မဟုတ်မှလွဲကိုယ်ဝန်ရှိလို့ပြိုင်ပွဲကနေနှုတ်ထွက်ပြီးလက်ထပ်ခဲ့တာဖြစ်မယ်နော် ဝိုးDaebak! နည်းပြနဲ့Song Soriအပြုအမူတွေကတစ်ခုခုလို့ထင်နေခဲ့တာ တကယ်ကိုတစ်ခုခုဖြစ်နေခဲ့တာပဲ...အဟားမင်းလဲအဲ့လိုပဲထင်ခဲ့တယ်မလားTaehyung"

Yeonjunကသူ့ဟာသူပြောပြီး သဘောကျစွာရယ်ရင်းTaehyungကိုပါပြောလိုက်တော့Taehyungဆီကဘာသံမှထွက်မလာ။ ထိုအခါကျမှYeonjunက

"အာ ဟုတ်သားပဲ....မင်းကမေ့နေတာ ဘယ်မှတ်မိမလဲ"

Yeonjunကတော့သူဒီနေ့တွေ့မြင်ခဲ့ရသည့်အခြေအနေကိုတအံတဩဖြစ်ကာ တစ်ယောက်တည်းစကားတွေဆက်ပြောနေဆဲဖြစ်သည်။

"Daebak! ငါမယုံနိုင်သေးဘူး Song Soriလိုပြိုင်ပွဲစိတ်ဓာတ်ပြင်းထန်တဲ့မိန်းကလေးကဒီလိုပြိုင်ပွဲကနေအလွယ်တကူထွက်သွားမယ်လို့။ အင်းလေဒါပေမဲ့လဲကောင်းပါတယ် ကိုယ်ဝန်နဲ့ဘယ်လိုဆက်ပြိုင်လို့ဖြစ်မှာလဲကလေးကအရေးကြီးတာကို။ မိခင်ကောင်းပီသတယ်လို့ပဲချီးကျူးရတော့မယ်နော့် မဟုတ်ရင်မင်းလို...အဲ"

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now