(( 2 ))

8.9K 847 30
                                    

Unicode

ညနေပိုင်းCompanyကို နင့်သည်းစွာငိုယိုပြီးရောက်ချလာသည့်Taehyungကြောင့် Namjoonတစ်ယောက်ဘာဖြစ်လာသလဲဆိုတာမေးစရာမလိုလောက်အောင်ပင် အကြောင်းပြချက်ကိုသိလိုက်ပြီဖြစ်သည်။

"Hyung... အင့် ကိုကိုကဘာလို့လဲ?? ဘာလို့ကျွန်တော့်ကိုစိတ်ဆိုးနေတာလဲ? ဟင့်..."

ရင်ခွင်ထဲမျက်နှာအပ်ကာ ဗလုံးဗထွေးတွေရေရွတ်ရင်းရှိုက်ငိုလိုက် ဝမ်းပန်းတနဲပြောလိုက်ဖြင့်အတော်ကြာသည်အထိငိုကြွေးနေသည့်ကလေးငယ်ကိုဘယ်လိုအကြောင်းပြချက်ပေးပြီးချော့ရမလဲ သူကိုယ်တိုင်လဲမသိတော့။

Jungkookကိုဆိုသိပ်ချစ်ခဲ့သည့်ကလေးငယ်ကို သူဘယ်လိုများဒီကိစ္စကိုလက်ခံနိုင်အောင်ပြောရက်ရမလဲ??

'Jungkookမင်းကတိတွေမတည်ခဲ့ဘူး...?ငါတို့ကလေးလေးမင်းကြောင့်ငိုနေရတာတွေများခဲ့ပြီ... ဘာလို့နှစ်ယောက်စလုံးနာကြင်ရမဲ့လမ်းကိုရွေးခဲ့ကြရတာလဲ?'

အစ်ကိုကြီးအဖရာဆိုသည့်အတိုင်း မိမိကလေးငယ်ဒီလောက်ထိခံစားနေရတာမြင်တော့လည်း သူ့ရင်ထဲမချိ။

တစ်စုံတစ်ယောက်ကိုတော့ မာနတွေနောက်ထားပြီးဖုန်းဆက်တွေ့ရတော့မည်ထင်သည်။

-
-
-
-
-
-
-
-
နှစ်ရက်သုံးရက်လောက်အခန်းတွင်းအောင်းပြီး ဝမ်းနည်ပက်လက်ဖြစ်နေသည့်Taehyung။ ဒီရက်ပိုင်းတွေအတွင်း ကိုကို့ဖုန်းကိုဆက်သွယ်ခဲ့ပါသော်လည်းပြန်လည်ဖြေဆိုခြင်းမရှိသည့်ဖုန်းcallတွေနှင့်အတူ ယခုလက်ရှိဖြစ်နေသည့်အခြေအနေတွေကိုနားမလည်နိုင်ဖြစ်နေရသည်။

လက်ထပ်ထားတာတောင်ရက်ပိုင်းတွေပဲရှိနေသေးတာ ကိုကို့ကိုစိတ်ဆိုးအောင်သူဘာများလုပ်ခဲ့မိပါလိမ့်?? ကိုကိုနှင့်သူဟာအမြဲရန်ဖြစ်လိုက်ပြန်ချစ်လိုက်လုပ်နေကြ။ ရန်ဖြစ်တိုင်းလဲကိုကိုကပဲအမြဲအလျှော့ပေးပြီးချော့နေကြ။ ဒါပေမဲ့ဟိုတစ်နေ့ကသူတွေ့ခဲ့ရသည့်ကိုကို့ပုံစံဟာ သာမန်စိတ်ဆိုးသည့်ပုံစံမျိုးမဟုတ်။ သူ့အားသိပ်ကိုမုန်းတီးစိမ်းကားနေသည့်ပုံပင်။ သူဆေးရုံမှာသတိမေ့နေတုန်းတစ်ခုခုများဖြစ်ခဲ့သေးတာလား??

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now