(( 33 ))

9.1K 705 68
                                    

Unicode

ဒီနေ့တော့မနက်ခင်းအစောကတည်းက တစ်အိမ်လုံးအချစ်ငှက်လေးနှစ်ကောင်ရဲ့ကျီစယ်သံတွေနဲ့ပြည့်နှက်နေသည်။

Jungkookအလုပ်နားရက်ဖြစ်တာကြောင့် မနက်အစောကတည်းကဘေဘီ့အတွက်မနက်စာပြင်ပေးရင်းနှစ်ယောက်သားမနက်စာတူတူစားဖြစ်ကြသည်။

မနက်စာစားပြီးတော့နှစ်ယောက်တူတူအိမ်ရှေ့ဧည့်ခန်းမှာပဲရုပ်ရှင်တူတူကြည့်ရင်း စကားပြောလိုက်ရင်ခွင်ထဲကခေါင်းလုံးလုံးလေးကိုငုံ့ကာနမ်းလိုက်ဖြင့်Jungkookမှာမအားလပ်။

ဆိုဖာကြီးပေါ်တွင်ထိုင်နေကြသည်မလို့Jungkook ရင်ခွင်ထဲမှာမှTaehyungကပက်လက်လေးဝင်မှီထားခြင်းဖြစ်သည်။

"ကိုကိုလို့.."

"ဟင်..ပြောလေဘေဘီ"

ရှမ်ပူနံ့သင်းနေသည့် ခေါင်းလုံးလုံးလေးကိုဘယ် လောက်ကြာအောင်ငုံ့နမ်းကာသတိတွေလွတ်နေမိလဲမသိ ဆတ်ခနဲခေါင်းလေးလှည့်ကာသူ့ရင်ခွင်ထဲမျက်နှာလေးအပ်လာသည့်ဘေဘီ့အသံ့ကြားမှ အာရုံဝင်တော့သည်။

"ဟိုမှာမင်းသားနဲ့မင်းသမီးနမ်းတဲ့အခန်းကြီးကျော်လိုက်ပါအုံးဆို"

ရင်ခွင်ထဲကနေစူအောင့်အောင့်လေးထွက်လာသည့်ကြောင့် Jungkookမှာအော်ရယ်မိတော့သည်။ ရင်ခွင်ထဲကအကောင်လေးကရှက်နေသည်ပေါ့။
တကယ်လည်းသူကြည့်လိုက်တော့ ဇာတ်ကားထဲမင်းသားနှင့်မင်းသမီးမှာအခုထိနမ်းလို့မပြီးနိုင်သေး။

သူလည်းစချင်လာသည်မလို့

"ပြီးသွားပြီဘေဘီ ကြည့်လို့ရပြီ"

"ဟုတ်လား? ဟာ ကိုကိုနော် တော်ပြီမကြည့်တော့ဘူး"

ဘေဘီကတဖန်တီဗွီဖန်သားပြင်ပေါ်ကအနမ်းခန်းခပ်ကြမ်းကြမ်းအချို့ကိုထပ်မြင်သွားတာကြောင့် မျက်နှာလေးတွေပိုရဲတက်သွားကာ ဆိုဖာပေါ်ကနေထပြေးဖို့ပြင်တော့သည်။

"ကိုယ့်ကိုထားပြီးဘယ်ပြေးမလို့လဲကျားပေါက်လေး လာခဲ့"

သူလည်းထပြေးဖို့ပြင်နေသည့်ဘေဘီ့ကိုခါးလေးကနေအသာပွေ့ကာဆွဲချီလိုက်တော့ ပေါ့ပါးစွာပင်သူ့လက်မောင်းတွေကြားပါလာသည့်ခန္ဓာကိုယ်ငယ်လေး။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now