(( 8 ))

6.4K 676 44
                                    

Unicode

"ကိုကို!"

စကိတ်ကလပ်ထဲကနေပြေးထွက်လာသည့်ကလေးငယ်ဟာ သူ့ကိုတွေ့တော့ငွေရောင်ဆံပင်အုပ်အုပ်လေးတွေလွင့်ခနဲနေအောင်ပြေးလာသည်။

သူ့ရင်ခွင်ထဲတန်းနေအောင်ဝင်လာကာပြေးဖက်လာသည့် အလှကလေးဟာသိပ်မကြာသေးခင်လောက်မှအဖြေပေးထားသည့်သူ့ရဲ့ပူပူနွေးနွေးအချစ်ဦးသူလေးဖြစ်သည်။

"ကိုကိုစောင့်နေတာကြာပြီလားဟင်?"

"မကြာသေးပါဘူး ကိုယ်လဲစောစောကမှအတန်းဆင်းတာ"

ရင်ခွင်ထဲကကလေးငယ်ကိုပြန်ပွေ့ဖက်လိုက်ရင်း သူသဘောကျရသည့်ဆံပင်လုံးလုံးလေးတွေကိုငုံ့နမ်းလိုက်တော့ရှက်စနိုးလေးဖြင့်သူ့ရင်ဘတ်ထဲမျက်နှာလေးဖွက်ထားတော့သည်။

ထိုပုံစံလေးကိုကြည့်ပြီး သူ့ရင်ထဲကလိကလိနဲ့ကြည်နူးခြင်းအရသာကိုတဝကြီးခံစားနေရသည်။ သူ့ဘဝမှာလည်းTaehyungကိုသာပထမဆုံးအကြိမ် ချစ်ဖူးပြီး ဘာလို့ဒီကောင်ငယ်လေးကို လောက်ထိအူတယားယားနဲ့မျက်စိရှေ့ကအပျောက်မခံချင်လောက်အောင်ချစ်မိသွားလဲမသိတော့။

တိုကျိုမှာတုန်းကမြင်မြင်ချင်းချစ်စရာကောင်လေးရဲ့ အလှကိုရင်ခုန်မိသွားတာမှန်ပေမဲ့ နောက်ဆက်တွဲအနေနဲ့နှလုံးသားကထိုကောင်လေးကိုမှမြင်ချင်တွေ့ချင်ပိုင်ဆိုင်ချင်ပါသည်ဆိုသည့် စိတ်ကလေးပါအစိုးရလာတော့ ခင်မင်နေရုံအဆင့်လောက်နှင့်သူ့မှာမရောင့်ရဲနိုင်တော့။

သူပဲကံတွေကောင်းလွန်းနေသည်လားမသိ။ သူ့ခံစားချက်တွေကလေးငယ်ကိုဖွင့်ဟမိသည့်အချိန်တစ်ခုမှာ ချစ်ရသူလေးကလည်းသူနဲ့အတူနှလုံးသားချင်းထပ်တူကျနေခဲ့သည်။

ဘဝမှာပထမဆုံးနှင့်နောက်ဆုံးချစ်ရသည့် ဒီကောင်လေးကိုသူဘယ်နည်းနဲ့မှအဆုံးရှုံးခံတော့မည်မဟုတ်။ ချစ်ရသူကိုပိုင်ဆိုင်မြတ်နိုးခွင့်ရတာလောက် သူ့ဘဝကြီးမှာပြီးပြည့်စုံပျော်စရာကောင်းတာမရှိတော့။

"ကိုကိုလို့"

"ဟင် Babeဘာပြောလိုက်တာ"

သူပြောလိုက်တော့ Taeကစူပုပ်ပုပ်လေးနဲ့သူရင်ခွင်ထဲကပြန်ထွက်သွားလေသည်။ သူပြောတာမကြားလိုက်လို့ စိတ်ကောက်သွားသည့်ပုံ။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now