(( 28 ))

7.3K 677 51
                                    

Unicode

အဆုံးမရှိတဲ့လမ်းမကြီးထက် တစ်ယောက်တည်းပြေးလွှားနေရင်းမောဟိုက်နေသည်။ လေဟာနယ် ကြီးသို့ထဲလွင့်မြောနေသလို တရိပ်ရိပ်မြင်ယောင်နေသည့်အဖြစ်အပျက်တွေကလည်း ရုပ်ရှင်တစ်ခုလိုဝိုးတိုးဝါးတား။

ဘာမှသေချာမသိပေမဲ့ကြားနေရသည့်ကိုကို့အသံတွေကြောင့် Taehyungမှာပြေးနေရင်းကိုကို့အသံကြားရာနောက်သို့လိုက်ရှာနေမိသည်။

"စိတ်ပျက်မိတယ် Tae....ကိုယ်မင်းကိုပမထဆုံးအကြိမ်ရင်ဘတ်တစ်ခုလုံးချိနဲ့နေအောင်ခံစားရပြီးစိတ်ပျက်တာပဲ"

"မင်းရက်စက်လိုက်တာ ဘေဘီ"

"မင်းကိုကိုယ်မုန်းချင်တယ်"

"ကိုယ်တို့ကွာရှင်းကြရအောင်....မင်းဖြစ်စေချင်တဲ့အတိုင်း"

"မင်းနဲ့ငါနဲ့ဘာမှမဆိုင်တော့ဘူးလေTaehyung!"

Taehyungမှာမျက်ရည်တွေကျလာရသည်။ ကိုကိုကသူ့ကိုမုန်းနေတယ်။ ကိုကိုပြောတဲ့စကားတွေဟာ သူ့နားထဲကိုထပ်တလဲလဲပြန်ကြားနေရသည်။ ကိုကိုနဲ့သူနဲ့ကွာရှင်းပြီးသွားခဲ့တာကို သူလက်မခံနိုင်သေးဘူး။

"မဟုတ်ဘူး! ဟင့်အင်း ကိုကို!"

သူဆက်မပြေးနိုင်တော့ဘူး။ ကိုကို့အသံတွေကသူ့နားထဲပိုပြီးကျယ်လောင်လာတယ်။

*စိတ်ပျက်တယ် Tae*

*ကွာရှင်းကြရအောင်*

*တောက်! မင်းကိုယ့်ကိုအရမ်းရက်စက်တယ်ဘေဘီ*

"မဟုတ်ပါဘူး အင့်...တောင်းပန်ပါတယ်ကိုကို မသွားပါနဲ့......"

"ကိုကို! ကိုကို!"

"Taehyungie! သတိထားလေ...Tae Tae!"

မျက်ရည်လည်ရွှဲနဲ့ချွေးစေးတွေပြန်ရင်းကယောင်ကတမ်းနဲ့သတိရလာသည့်Taehyung
ကြောင့် Namjoonမှာအမြန်ပင်သွားပြီးပွေ့ဖက်ထားမိတော့သည်။

"Hyung...အင့်...ကိုကိုက...အင့် ...ကိုကိုကTaeကိုမုန်းနေပြီ"

သူ့ရင်ခွင်ထဲမလှုပ်မယှက်လေးနဲ့ငြိမ်သက်စွာရှိုက်ငိုနေသည့် Taehyungဟာတောင်ပံဖျက်ခံထားရသည့်နတ်သားငယ်လေးလိုပျော့ခွေနေသည်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now