(( 23 ))

5.6K 587 59
                                    

Unicode

"ကို..ကို ဘယ်လိုလုပ်သိတာလဲ?"

Taehyungရဲ့ထိတ်လန့်သွားသည့်ပုံစံကြောင့် ကိုကိုကသဘောကျစွာပြုံးလိုက်ရင်း သူ့ကိုပွေ့ဖက်လာသည်။

"Aigooo ကိုယ်ကြားကြားချင်းဘယ်လောက်တောင်စိတ်ပူသွားခဲ့ရလဲ?? အခုOmmaပြောပြလို့ကိုယ်အကုန်သိခဲ့ပြီးပေါ့ ဘေဘီကကလေးလေးရအောင်ကြိုးစားနေခဲ့တယ်ဆိုတာ..."

Jungkookဖက်ထားသည့်အတိုင်း Taehyungမှာတောင်တောင့်လေးရပ်ကာဘာမှပြန်မပြောနိုင်ဖြစ်နေသည်။

ထို့နောက်ကိုကိုကပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် သူ့အားဖက်ထားရာမှလွှတ်ကာမျက်နှာဆိုင်လိုက်ရင်း

"ဒါဆို ဘေဘီမှာကလေးလေးရှိနေတာသေချာပြီပေါ့ ဟုတ်တယ်မလား?? "

Taehyungလက်လေးတွေအေးစက်ကာ လက်သီးဆုပ်လေးတွေဆုပ်ထားမိသည်။ ကိုကိုမျက်နှာကိုလည်းမကြည့်ရဲသေး။ ဘယ်လိုဆက်လုပ်ရမလဲဆိုတာရုတ်တရက်ဆိုတော့မတွေးနိုင်တော့။ ဒီလိုရုတ်တရက်ကြီးသိသွားလိမ့်မယ်လို့လဲမထင်ထားတာကြောင့်  Taehyungမှာရင်တွေတဒိန်းဒိန်းခုန်ကာထိတ်လန့်သွားရသည်။

ထို့ပြင်ကိုကိုရဲ့ပျော်ရွှင်နေတဲ့ပုံစံ အမူအယာတွေဟာ အခုချိန်မှာသူ့အားစိတ်အနှောက်အယှက်ဖြစ်စေသည်။ တချိန်ကျမှပေါ့ကိုကို...တချိန်ကျမှပေါ့...အဲ့အချိန်ကျမှပျော်ပါလို့ပြောရင်ကိုကိုဘေဘီ့ကိုခွင့်လွှတ်မယ်မလား???

"Tae...ဘေဘီရာ တစ်ခုခုပြောပါအုံး... ကိုယ့်ကိုတစ်ခုခုဖုံးကွယ်ထားတာရှိတယ်မလား?? ဟင် ...ဘေဘီကိုယ်ဝန်ရှိနေတာမလား??"

ကိုကိုဟာသူ့လက်လေးနှစ်ဖက်ကို ဆုပ်ကိုင်ရင်းမျက်နှာထက်ကသွားလေးတွေပေါ်သည်အထိပြုံးရွှင်ကာသူ့ဆီမှအဖြေကို မျှော်လင့်တကြီးမေးလာပြန်သည်။

"အင်း"

သူဖြေလိုက်တော့ ကိုကိုမျက်နှာဟာလုံးဝအံ့ဩပျော်ရွှင်သွားဟန်ဖြင့်သူ့အားတဖန်ဆွဲဖက်လာပြန်သည်။

"တကယ်လားဘေဘီ?? တကယ်လား??"

"အင်း"

"အား.... ဘေဘီရာကိုယ်ဝမ်းသာလိုက်တာ...ကိုယ်အရမ်း.."

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now