(( 14 ))

5.3K 617 44
                                    

Unicode

Jungkookဆေးရုံခန်းအပြင်ဖက်ကနေYoongi hyungနဲ့ဖုန်းပြောပြီးတော့အခန်းထဲသို့ပြန်ဝင်လာခဲ့လိုက်သည်။ အချိန်အားဖြင့်ညဆယ့်တစ်နာရီကျော်နေပြီဖြစ်သည်။

Jimin Ommaနဲ့Appaကတော့ညပိုင်းရောက်ပြီမလို့ပြန်သွားကြပြီဖြစ်သည်။ သူကတော့ဆေးရုံစောင့်ရန်ကျန်ခဲ့ရသည်။

အခန်းထဲရောက်တော့ ခေါင်းမှာပတ်တီးအဖြူနဲ့ခုတင်ပေါ်တွင်ငုတ်တုပ်ထထိုင်ပြီဖြစ်သည့်ကျေးဇူးရှင်ကိုယ်တော်။

"သတိရပြီလား? ခေါင်းကိုက်သေးလား?? ဘယ်လိုနေသေးလဲ?"

သူမျက်နှာတည်တည်နေနဲ့မေးတော့ ပေကပ်ကပ်နဲ့ဘာမှပြန်မဖြေ။ ကြောက်ကလည်းကြောက်သေး ဒီPark Jiminကတော့။ တော်သေးတယ် ဒယ်ဂူကိုသွားသည့်လမ်းမှာ အသေးစားယာဉ်တိုက်မှုဖြစ်တာ ဘာမှဆိုးဆိုးရွားရွားမထိခိုက်သွား။ ခေါင်းပဲပေါက်သွားသည်။

"Yoongi hyungနဲ့စောစောကပဲဖုန်းရတယ်။ မင်းကိုအရမ်းစိတ်ပူနေတာ။ မနက်ဖြန်ကျရင်သူဆိုးလ်ကိုလာလိမ့်မယ်။ဘယ်လိုဆက်လုပ်မှာလဲမင်းတို့"

သူမေးလိုက်တော့Jiminကသက်ပြင်းလေးချသည်။

"မသိတော့ဘူး Hyungကဖုန်းလဲမကိုင်တော့ငါအ မ်းစိတ်ပူသွားတာ။ပြီးတော့AppaကHyungနဲ့တွေ့ခဲ့တယ်တဲ့ ဘာတွေပြောခဲ့လို့လဲမသိဘူး"

"အဲ့တာနဲ့ပဲ တစ်ယောက်တည်းကားမောင်းပြီးထွက်သွားရလား"

"မသိဘူးလေ မင်းကလဲလိုက်ပို့ချင်မှပို့မှာကို"

သူပြောတော့ နှုတ်ခမ်းတစူစူနဲ့ပြန်ပြန်ပြောနေသည့်Jiminကို ခေါင်းကိုနာနာလေးခေါက်ပစ်ချင်သည့်စိတ်ကိုJungkookမနည်းထိန်းထားရသည်။

ကျေးဇူးတွေအရမ်းသိတတ်နေတာPark Jiminကတော့။ အထက်တန်းကတည်းကသူရည်းစားခိုးထာတုန်းကတည်းကသူပဲလိုက်လိုက်စေညင့်ပေးလိုက် Ommaတို့ဆီကလိမ်ခေါ်ပေးလိုက်လုပ်ခဲ့ရတာကို။

"ငါHyungနဲ့ ဒီတိုင်းပြတ်ပြီလို့ပဲပြောလိုက်တော့မယ်အိမ်ကို"

"ဟင်?"

"မဟုတ်ဘူးလေ တကယ်မပြတ်ဘူးလေ။ မဟုတ်လဲငါနဲ့Hyungနဲ့ကမင်းတို့လိုတစ်မြို့တည်းနေပြီးအမြဲတွေ့နေတာလဲမဟုတ်တော့ ယုံမှာပါOmmaတို့က ပြီးတော့Hyungကသူ့အမေနေမကောင်းလို့ဒယ်ဂူမှာပဲကြာအုံးမှာထင်တယ်"

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now