Unicode
"ကိုယ်ဝန်ကနုသေးလို့ဖြစ်တာပါ အစားပုံမှန်သေချာလေးစားပေးရမယ်နော်။ ကလေးကကောင်းကောင်းကြီးထွားနေတဲ့ကာလမလို့ Appaကလည်းသေချာလေးဂရုစိုက်ပေးမှဖြစ်မယ်"
ကွန်ပြူတာscreenပေါ်တွင်လှုပ်ရှားနေသည့် အာထရာစောင်းလေးကိုကြည့်ပြီးဒေါက်တာကသေချာရှင်းပြပေးနေလေသည်။
Taehyungမှာထိတ်လန့်စိတ်နဲ့ အသက်တောင်ပြင်းပြင်းမရှုရဲ။ ဘေးနားကJiminကလည်းစိတ်ပူစွာဖြင့်ထိုင်လိုက်ထလိုက်ဖြစ်နေလေသည်။
အရင်နေ့တွေကတည်းကဗိုက်ထဲကအောင့်နေခဲ့တယ ယနေ့မနက်ကလပ်ကိုသွားမည်အလုပ်တော်တော်ဆိုးဆိုးဝါးဝါးနာလာတာကြောင့် အိပ်ယာထဲပြန်ကွေးနေစဉ် Jiminကတိုက်ဆိုင်စွာသူတို့အိမ်ကိုရောက်လာပြီးသူ့အားဆေးရုံသို့ခေါ်လာပေးခဲ့ခြင်းဖြစ်သည်။
"ဆရာမ အဆင်ပြေပါတယ်နော့်...Taehyungရောကလေးရောအဆင်ပြပါတယ်နော့်"
"အဆင်ပြေပေမဲ့ သန္ဓေသားကအားနည်းနေတယ်။ ကောင်းကောင်းမဖွံ့ဖြိုးဘူးဖြစ်နေတာ သိပ်ဆော့အားမရဘူး။ ဒီလိုလက္ခဏာတွေက ကိုယ်ဝန်နုစဉ်ကာလမှာစိုးရိမ်ရတာကြောင့် ဖြစ်နိုင်ရင်လူနာကိုကောင်းကောင်းအနားယူစေချင်တယ်။ လူနာကဘာအလုပ်လုပ်ကိုင်လဲ??"
ဆရာဝန်မရဲ့စကားအဆုံး Taehyungကမျက်နှာငယ်လေးဖြင့်သူ့အားကြည့်လာသည်မလို့ သူကပဲ
"စကိတ်စီးတာပါ Figure skaterပါ။"
သူပြောလိုက်တော့ ဆရာမကမျက်ခုံးလေးပင့်ကာအံ့ဩသွားဟန်ဖြင့်
"အခုတော့စကိတ်စီးတာနားလိုက်ပြီမဟုတ်လား?? အန္တရာယ်များတာပဲ...ကလေးကိုထိခိုက်နိုင်တာမလို့"
Taehyungမှာပြန်မဖြေနိုင်။ သူတကယ်ပဲစကိတ်စီးတာတွေ work outတွေတခါမှမနားခဲ့ဖူးပါလေ။ အဲ့ဒဏ်တွေနဲ့ကလေးကိုလာထိသည်ထင်သည်။
"ကလေးနှလုံးခုန်သံလေး ဖွင့်ပြပါမယ်နော်"
'ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်'
"အဲ့..အဲ့တာ ကလေးလေးရဲ့နှလုံးခုန်သံလား??"
"Nae ဟုတ်ပါတယ်"
YOU ARE READING
"𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}
Fanfiction"ကိုယ်သာTaeကိုနည်းနည်းလေးလောက် ပိုနားလည်ပေးခဲ့ရင်..." -Jeon Jungkook "ကျွန်တော်သာအရာအားလုံးထက် ကိုကို့ကိုပိုပြီးဦးစားပေးခဲ့မယ်ဆိုရင်..." -Kim Taehyung ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိတော့တဲ့နောင်တတရားတွေကနေ ကိုယ်တို့တွေကင်းလွတ်ခဲ့ကြမယ်ထင်တယ...