(( 18 ))

5.6K 574 21
                                    

Unicode

မနက်ခင်းနေရောင်ခြည်တွေအခန်းထဲထိထိုးဖောက်ဝင်လာတော့ အိပ်ပျော်နေသည့်Taehyungမျက်နှာလေးတွေရှုံ့ခနဲ။

မဖွင့်ချင်ဖွင့်ချင်နဲ့မျက်လုံးတွေဖွင့်လိုက်ရတော့သည်။ အိပ်ယာပေါ်အကြောဆန့်လူးလိမ့်ပြီးတော့မှ ဘေးကိုကြည့်လိုက်တော့ထုံးစံတိုင်းကိုကိုမရှိတော့။

သူလည်းအိပ်ယာပေါ်ကအမြန်ထကာ ရေမိုးချိုးမျက်နှာသစ်ပြီးအိမ်ရှေ့ထွက်သွားလိုက်တော့ ထမင်းစားခန်းထဲမှာမနက်စာပြင်နေသည့်ကိုကို့ကိုတွေ့လိုက်ရသည်။

Jungkookတစ်ယောက်ဘေဘီနဲ့သူနဲ့စားဖို့ မနက်စာပေါင်မုန့်မီးကင်နဲ့ကော်ဖီပြင်နေရင်း နောက်ကနေကျောပေါ်သို့ခုန်တက်လာသည့်အကောင်ပေါက်လေးကြောင့်ကမန်းကတန်းပေါင်မုန့်ကိုလွှတ်ချကာပွေ့ထိန်းလိုက်ရတော့သည်။

"Aigoo ဘေဘီနိုးလာပြီလား?"

"အွန်း ကိုကိုကအမြဲအစောကြီးထထသွားတာဘေဘီ့ကိုလည်းမစောင့်ဘူး"

ပြောပြီးသူ့အပေါ်ကဆင်းကာစားပွဲပေါ်ဝင်ထိုင်သည့်ဘေဘီ့နဖူးလေးကိုနမ်းလိုက်ရင်း ပြင်လက်စပေါင်မုန့်လေးကိုယုတ်သုတ်ပေးလိုက်သည်။ တစ်လက်စတည်းနွားနို့ခွက်လေးပါထည့်လိုက်တော့

"ဟွန့် ကိုကိုကလည်းနွားနို့ပဲတိုက်နေတာ ဘေဘီလဲကော်ဖီသောက်ချင်တယ်"

"Namjoonie hyungပြောတော့ဘေဘီကမနက်တိုင်းနွားနို့သောက်တာဆို"

"မသိဘူး မသိဘူး အခုကိုကိုသောက်သလိုပဲသောက်ချင်တာ ကိုကို့လိုပဲဖျော်ပေး"

ခေါင်းတရမ်းရမ်းနဲ့ နွားနို့ခွက်ကိုပြန်တွန်းပေးလာတော့Jungkookလည်းအတင်းမတိုက်တော့။ ဘေဘီ့စိတ်တိုင်းကျသူနဲ့အတူကော်ဖီတစ်ခွက်ပါအတူရောဖျော်လိုက်ရသည်။ သူကကော်ဖီခါးခါးကြိုက်သူမလို့ ဘေဘီမသောက်နိုင်လောက်သည်မို့ ဘေဘီ့အတွက်နွားနို့များများနဲ့Latteပုံစံလေးဖျော်ပေးလိုက်သည်။

ဘေဘီကော်ဖီစွဲသွားလို့မဖြစ်။ ဒီအရွယ်ကဖွံ့ဖြိုးဆဲအရွယ် သင်ယူအားကောင်းတဲ့အရွယ်တက်ကြွတဲ့အရွယ်မှာကော်ဖီတွေအရမ်းသောက်လို့မဖြစ်။ ဘေီ့မနက်စာရောညစာရော သူပဲပြင်ဆင်ပေးသည်မလို့အာဟာရဖြစ်တာတွေနောက်မှommaကိုလှမ်းမေးပြီး သေချာလေးချက်ကျွေးပါအုံးမယ်လေ။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now