(( 31 ))

8.5K 702 53
                                    

Unicode

'ခွမ်း'

မနက်ခင်းစောစောစီးစီးကြားလိုက်ရသည့်ဆူညံသံကြောင့် Jungkookမှာအိပ်နေရာမှလန့်သွားရကာ အိပ်ချင်မူးတူးနှင့်ငုပ်တုပ်ပင်ထထိုင်မိသည်။

ဘေးနားကိုကြည့်လိုက်တော့ ညကရင်ခွင်ထဲထည့်ကာပွေ့ဖက်အိပ်စက်ခဲ့သည့်ခန္ဓာကိုယ်ငယ်လေးကမရှိတော့။ သူ့မှာအမြန်ပင်ထကာရေချိုးခန်းထဲအမြန်ဝင်ပြီး အသံလာရာမီးဖိုချောင်ဆီပြေးကြည့်ရတော့သည်။

မီးဖိုချောင်ထဲသူဝင်လာတော့ ကွဲနေသည့်ကော်ဖီခွက်လေးကိုကြမ်းပြင်ပေါ်ငုပ်တုပ်လေးအသည်းအသန်ကောက်နေသည့်ဘေဘီ။

"ဘေဘီ လက်ထိသွားသေးလား??! ကွဲသွားတာလား? ဖယ် ဖယ် လက်ရှလိမ့်မယ်။ ကိုယ်ရှင်းလိုက်မယ်"

သူအမြန်လေးပြေးကာဆွဲထူကာထစေတော့ သူ့အားနှုတ်ခမ်းလေးတပြင်ပြင်နှင့်တစ်ခုခုပြောချင်နေသည့်ဘေဘီ။

ဘေးနားကစားပွဲပေါ်ကိုကြည့်လိုက်မိတော့ တွေ့လိုက်ရသည်ကမနက်စာအတွက် အသင့်ပြင်ထားသည့်ပါမုန့်မီးကင်နှင့်ကော်ဖီနှစ်ခွက်။

မရင်းနှီးသည့်ဘေဘီ့ရဲ့ပုံစံအပြုအမူလေးတွေကိုကြည့်ပြီးတစ်ဆက်တည်းJungkookမှာ နည်းနည်းတောင်ဇဝေဇဝါဖြစ်နေမိသည်။ အရင်တုန်းကဘေဘီ့ပုံစံနှင့်လားလားမျှမတူ အတင်းတွေအိမ်မှုကိစ္စအတွက်ကြိုးစားလုပ်ယူနေရတဲ့ပုံစံဖြစ်နေသည့်မဟုတ်ပါလား။

ဘယ်လိုပဲဖြစ်ဖြစ် သူဘေဘီ့ကိုဒီကိစ္စနှင့်ပက်သက်ပြီးအိမ်ထောင့်တာဝန်တွေနဲ့ပက်သက်ပြီးဘယ်တုန်းကမှစိတ်ပင်ပန်းစေခဲ့တာမဟုတ်သလို ထိုစို့ဝန်ထုပ်ဝန်ပိုးဖြစ်မှာကိုလည်းမလိုလားခဲ့။ ထို့ကြောင့်ပဲသူ့မှာမြတ်နိုးလွန်းလို့ဒီကလေးငယ်ကို အစစအရာရာအိမ်မှုကိစ္စတွေဘာမှလုပ်စေခဲ့တာတောင်မဟုတ်။

"ကိုယ့်အတွက်မနက်စာပြင်ပေးထားတာလား??"

"အွန်း"

"Aigooဘေဘီကတော်လိုက်တာ။ လာလေအဲ့တာဆိုတူတူစားရအောင်။ ပန်းကန်အကွဲတွေကပြီးမှကိုယ်ရှင်းပေးမယ် လာ ထိုင်"

သူထိုင်စေလိုက်တော့ မျက်နှာငယ်လေးနှင့်မနက်စာစားဖို့ထိုင်လိုက်ကြသည်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now